ဧရာဝတီတိုင်းမ်
(ရေဇွာ)၊ နိုဝင်ဘာ ၃၀ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းနှင့် လက်လက်ခဲယမ်းများကို ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်)က ထုတ်ပြန်သည်။

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများ အပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“မြောက်ပိုင်းမဟာမိတ်ရဲ့ စစ်ဆင်ရေးနောက်ဆက်တွဲကနေ ချင်းပြည်နယ်မှာ စခန်းသိမ်း ပွဲတွေ ဖြစ်လာတယ်။ အဲ့ဒီအခါမှာ ရေဇွာမြို့ကလည်း မဖြစ်မနေ လွတ်မြောက်နယ်မြေတစ်ခု ယူရမယ်ဆိုပြီးတော့ ZZLMS ညီနောင်ငါးဖွဲ့က အစည်းအဝေး အသေးစိတ်လုပ်ပြီးမှ ဒီမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို စတင်တာဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) ပြောခွင့်ရဆလိုင်း Denny က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ZZLMS သည် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဆဲန့်ထန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့(လောက်တူ)ဟူ၍ ညီနောင်ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး မြို့သိမ်းတိုက်ပွဲတွင် ZZMLSအဖွဲ့နှင့်အတူ ချင်းအမျိုးသားတပ်ဉီး CNA၊ CDF-မတူပီ(တပ်ရင်း-၂)တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်ဆလိုင်းဒေးဗစ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်) တပ်ဖွဲ့ဝင်ဆလိုင်းဆန်လောထန်၊ ချင်းကာကွယ်ရေး တပ်ဖွဲ့(လောက်တူ)တပ်ဖွဲ့ဝင်ဆလိုင်းဒေးဗစ်ထန်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ) တပ်ဖွဲ့ဝင် ဘွေဇမန်စုစုပေါင်း လေး ဦးကျဆုံးခဲ့သည်။

ရေဇွာမြို့ကို နိုဝင်ဘာလ၂၆ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ပုံစာ-အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်
#ချင်းပြည်နယ် #ရေဇွာမြို့သိမ်းတိုက်ပွဲ #သိမ်းဆည်းရမိထားသောလက်နက်များ #စစ်သုံ့ပန်းများထုတ်ပြန် #Ayeyarwaddy_Times