ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနယ်စပ် အနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ဓာတ်ပုံတွေကို တရုတ်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဌာနချုပ်က မြန်မာနယ်စပ်အနီး တ ရုတ်ဘက်ခြမ်းမှာ ကျည်အစစ်နဲ့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဟောင်ဝှစ်ဇာအမြောက်တွေ၊ ရေဒါတွေ ဖြန့် ကြက်လိုက်တယ်လို့ နိုင်ငံပိုင် Global Times သတင်းစာက ဖော်ပြပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေစဉ် အချုပ်အခြာအာဏာနဲ့ နယ်စပ်တည်ငြိမ်ရေး ကာကွယ်စောင့်ရှောက်ရာမှာ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်၊ ပြသဖို့ ဖြစ်တယ်လို့ Global Times သတင်းစာက ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုအချိန်ကိုက်မှုနဲ့ ဒေသတွင်း လုံခြုံရေးအပေါ် ဖြစ်နိုင်ဖွယ်ရာ အကျိုးသက်ရောက်မှုကို နိုင်ငံတကာက စိတ်ဝင်စားခဲ့ပါတယ်။

(၄) ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွက် တရုတ်နိုင်ငံဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ရေ တပ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဒါဟာ တရုတ်နဲ့မြန်မာကြား ပုံမှန် စစ်ဘက်ဆိုင်ရာ အပြန်အလှန်လည်ပတ်မှုတစ်ခု ဖြစ်ပါတယ်” လို့ နိုင် ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံပြိုကွဲဖို့က တစ်ကယ်ကို ဖြစ်နိုင်ပါတယ်” လို့ လန်ဒန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာ နမှ အဗီနက်ရှ်ပါလီဝါလ်က ပြောပါတယ်။

စစ်ကောင်စီက ဝင်ငွေရဖို့ မှီခိုနေရတဲ့ မြန်မာနိုင်ငံတွင်းက တရားမဝင် လုပ်ရပ်တွေကို တန်ပြန်မယ့် စီမံ ချက်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံဟာ လောင်းကစားတိုက်ဖျက်မှု စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါ တယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ပိုင်း အကြီးမားဆုံး ခြိမ်းခြောက်မှု ရင်ဆိုင်နေရပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်မှုက သိသာတဲ့ အပြောင်းအလဲတစ်ခု ဖြစ် လာခဲ့ပေမယ့် စစ်ကောင်စီက ဘယ်လိုလက်တုံ့ပြန်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သတိထားမိတယ်လို့ စစ်ကောင်စီက ပြီးခဲ့ တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြန်မာပဋိပက္ခကို တုံ့ပြန်ယုံသာမက ပေကျင်းဟာ နယ်စပ်ဒေ သကို တည်ငြိမ်ဖို့ရည်ရွယ်တယ်ဆိုတာ အနောက်နိုင်ငံတွေကို အချက်ပြလိုက်တာလို့ အဗီနက်ရှ်ပါလီဝါလ်က ပြော ပါတယ်။

ကိုးကား – Newsweek
Ref; China Deploys Howitzers As War on Border Threatens To Spill Over

#Ayeyarwaddy_Times