
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
ဧရာဝတီတိိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီအဖွဲ့မှ ယခင်ကဲ့သို့ လုံခြုံရေးတင်းကြပ်ခြင်းမပြုတော့ပဲ ဌာနဆိုင်ရာ ရုံးအနည်းငယ်သာ လုံခြုံရေး ချထားနိုင်တော့ကြောင်း ဒေသခံများထံမှသိရသည်။
ဧရာဝတီတိုင်းတွင် အောက်တိုဘာမှစတင်ကာ တစ်စထက်တစ်စ လုံခြုံရေးအင်အားလျော့ချလာခဲ့ပြီး နိုဝင်ဘာလအထိ ဌာနအနည်းငယ်ကိုသာ လုံခြုံရေးချထားနိုင်တော့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့လကစပြီးဒီကောင်တွေ ကင်းပတ်တာတောင်လူနည်းသွားပြီ အရင်က ဆိုင်ကယ် ၁၅ စီးလောက်နဲ့ ပတ်နေတဲ့အချိန်မှာ အခု နှစ်စီးလောက်နဲ့ပဲပတ်နိုင်တော့တယ်။ ရှေ့တန်းပဲ ပို့နေရတာလား ကင်ပုန်းဝပ်နေတာလာတော့မသိဘူး အင်အားတော့သိသိသာသာလျော့သွားတယ် “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည်နှင့်အမျှ ကျဆုံးမှု
များလာသည့် စစ်ကောင်စီအနေဖြင့် လူအင်အားရှာဖွေမှုကို ဧရာဝတီတိုင်းတွင်အဓိကထားလုပ်ဆောင်နေပြီး ပြည်သူ့စစ်များကို လစာပေးခန့်ထားရသည့်အထိ ဖြစ်နေကြောင်းဒေသခံများထံမှသိရသည်။
“ဧရာဝတီတိုင်းထဲမှာဆို သူတို့အရင်လို အင်အားမရှိတော့ဘူး။ တပ်ထဲမှာလည်း အသက်ကြီးပိုင်းတွေလောက်ပဲကျန်တာများတယ်။ ကင်းပတ်တာကအစ အသက်ကြီးပိုင်တွေကြီးပဲ အသက် ၃၀ လောက်တောင်မတွေ့တော့ဘူး။ မြို့တွေထဲမှာလည်း အခုဆို ထွေအုပ်ဌာနတစ်လောက်ပဲ အစောင့်ချထားတာတွေ့တော့တယ်။ အခြားရုံးဌာနတွေမှာ အစောင့်မရှိတော့ဘူး “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။
တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် အကျဆုံးများနေသည့်အတွက် လူအင်အားကို အမြန်ဖြည့်တင်းနိုင်ရန်အတွက် သင်တန်းမပြီးသေးသော တပ်သားများကိုပါ ရှေ့တန်းသို့စေလွှတ်နေပြီး လူအင်အားရရှိရေးအတွက် နည်းမျိုးစုံသုံး၍ ကြိုးပမ်းနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှသိရသည်။
#ဧရာဝတီတိုင်း #မြို့နယ်များ #ဌာနဆိုင်ရာ #အချို့ကို #လုံခြုံရေး #အစောင့်အရှောက်ထားပေး
#Ayeyarwaddy_Times