ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်

ယူကရိန်းတပ်ဖွဲ့တွေဟာ သီတင်းတစ်ပတ်အတွင်း ရုရှား တင့်ကားတပ်ရင်း ၃ ရင်းကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ယူကရိန်းစစ်တပ်ဟာ နိုဝင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ရုရှားတင့်ကား ၈၁ စင်းကို ဖျက်ဆီးခဲ့ရာ အ ဆိုပါပမာဏဟာ တင့်ကားတပ်ရင်း ၃ ရင်းစာရှိတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံဟာ နိုဝင်ဘာလ ၂၇ ရက်က တင့်ကား ၇ စင်း ဆုံးရှုံးခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရုရှားနိုင်ငံရဲ့ တင့်ကားဆုံးရှုံးမှုဟာ ၅၅၂၀ စင်းအထိ ရှိလာခဲ့ပြီလို့ ယူကရိန်းစစ်တပ်၊ စစ်ဉီးစီးချုပ်ရုံးက ပြောပါ တယ်။

ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က တစ်ရက်အတွင်း တိုက်ပွဲဝင်တင့်ကား အစင်း ၃၀ ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းရဲ့ နှစ်ဘက်စလုံးက စစ်လက်နက်ကိရိယာတွေ ဆုံးရှုံးမှုဓာတ်ပုံတွေကို ရရှိဖို့ခက်ခဲပေ မယ့် ယူကရိန်းစစ်တပ်ရဲ့ အချက်အလက်တွေက မှန်ကန်ဖွယ်ရှိတယ်လို့ အနောက်နိုင်ငံတွေမှ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ ဆိုဗီယက်ခေတ် ပင်မတိုက်ပွဲဝင်တင့်ကားတွေကို ဂျာမနီနိုင်ငံရဲ့ Leopard၊ ဗြိတိန်နိုင် ငံရဲ့ Challenger 2 နဲ့ အမေရိကန်နိုင်ငံရဲ့ M1 Abrams လိုမျိုး အနောက်နိုင်ငံထုတ် တင့်ကားတွေ ဖြည့်ဆည်းခဲ့ တာဖြစ်ပါတယ်။

၂၁ လတာ စစ်ပွဲကာလအတွင်း ယူကရိန်းနိုင်ငံက တင့်ကားနဲ့ သံချပ်ကာယာဉ် စုစုပေါင်း ၁၃၆၂၉ စင်း ဆုံး ရှုံးခဲ့တယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။

မကြာသေးမီလတွေအတွင်း Avdiivka မြို့ဝန်းကျင်က တိုက်ပွဲတွေအတွင်း ရုရှားနိုင်ငံရဲ့ တင့်ကားတွေ ဆုံးရှုံးမှုက သိသိသာသာ များပြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Avdiivka မြို့ဝန်းကျင် ထိုးစစ်ဆင်မှုအတွင်း ရုရှားတပ်ဖွဲ့တွေကို မောင်းထုတ် နိုင်ခဲ့တယ်လို့ ယူကရိန်းတပ်မှူးတွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၆ ပတ်ဟာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေ အထိအ ခိုက်ကျဆုံးမှု အမြင့်ဆုံးကာလ ဖြစ်ခဲ့တယ်လို့ ဗြိတိန်၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Newsweek
Ref; Ukraine Destroys Three Russian Tank Battalions in a Single Week: Kyiv

#Ayeyarwaddy_Times