ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်မှကမ်းခြေများဖြစ်သည့်ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့တန်ဆောင်တိုင်ကာလအတွင်းလာရောက်လည်ပတ်သူနည်းပါးသွားကြောင်း ဒေသခံများထံမှသိရှိရသည်။
“အရင်ဆို ရုံးတွေ ကုမ္မဏီတွေ အဖွဲ့အစည်းတွေ က လေအိတ်ကားကြီးတွေနဲ့လာကြတာ ကမ်းခြေဆိုတာ ပြည့်ကြပ်နေတာပဲ။ ခုတော့ မိသားစုကိုယ်ပိုင်ကားလေးတွေနဲ့ ပုသိမ်ကနေ့ခြင်းပြန်တွေပဲလာတော့တယ် နိုင်ငံရေးအခြေအနေမကောင်းလို့ထင်တယ်”ဟု ကမ်းခြေတွင် ဈေးရောင်းချနေသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနှံ ဖြစ်ပွားနေသောတော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲအရှိန် ပြင်းထန်နေသောကြောင့် ခရီးသွား အများစု လာရောက်ရန် စိုးရွံနေကြပြီး ငွေဆောင်ကမ်းခြေရှိဟိုတယ်အချို့တွင် ကြိုတင် စာရင်းပေးထားသူအချို့ ပြန်လည်ဖျက်သိမ်းမှုများရှိကြောင်း ဟိုတယ်၀န်ထမ်းတစ်ဦးမှပြောသည်။
“တန်ဆောင်တိုင်ပိတ်ရက်ဆိုတကယ်ဆိုရင် ဒီထက်ပိုပြီး များမှာအချို့ အချို့တွေ လာဖို့စိတ်ကူးနေရင်းက မလာတော့တာ။ စီစဉ်ထားတဲ့သူတွေ ရက်ပြန်ရွှေ့တာတွေ ရှိခဲ့တယ်”ဟု ငွေဆောင်ကမ်းခြေ ဟိုတယ်၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပြီးခဲ့သော သိီတင်းကျွတ်ကာလ အတွင်းကချောင်းသာနှင့်ငွေဆောင်ကမ်းခြေများကို အနယ်အရပ်ရပ်မှလာရောက်လည်ပတ်သူတစ်သိန်းနီးပါးလာရောက်ခဲ့ပြီး ယာဥ်မတော်မဆ ဖြစ်မှုများနှင့် ကမ်းခြေတွင်ရေကူးရာမှအမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်းသိရှိရသည်။
#တန်ဆောင်တိုင် #ချောင်းသာ #ငွေဆောင် #ကမ်းခြေ #ခရီးသွား၀င်ရောက်မှုနည်းပါး
#Ayeyarwaddy_Times