ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် တပ်စွဲထားပြီး အဓိကခံစစ်ကုန်းဖြစ်သည့် ရဲစခန်းကို ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၂၉ ရက် နံနက်အစောပိုင်း စစ်ကောင်စီ၏ နောက်ဆုံး ခံစစ်စခန်းကုန်း ဖြစ်သည့် ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။

“မနက်မှာ အပြီးတိုင်သိမ်းနိုင်ခဲ့တာ။ တပ်စခန်းအား လုံးနီးပါး သိမ်းနိုင်ခဲ့တာပါ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တန့်ဆည်မြို့အတွင်းရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများကို ပြီးခဲ့သည့် နို၀င်ဘာ ၂၂ ရက်နေ့ကတည်းက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းကုန်းကို ယမန်နေ့ နို၀င်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်က စတင် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၄ နာရီတွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းမှ ပစ်ကူများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် နေကြောင်း သိရသည်။

လက်ရှိတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး စစ်ကောင်စီတပ်က နံနက် ၅ နာရီမှ စတင်ကာ ၁၁ နာရီအထိလေ ကြောင်းဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပြီး လက်ရှိအချိန်ထိတိုက်ခိုက်‌ဆဲဖြစ်ကြောင်း သိရသည်။

ယင်းစခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ပေးသွာမည် ဖြစ်ကြောင်းသိရသည်။

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီတပ်စခန်းရဲစခန်း #ဒေသကာကွယ်ရေးတပ် #PDFသိမ်းပိုက် #Ayeyarwaddy_Times