ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်တိုက် ခိုက်ခံရပြီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၁၂၅ မှ တပ်ရင်း တစ်ရင်းလုံး လက်နက်ချအညံ့ခံကာ အလံဖြူထောင်ခဲ့ ကြောင်း သိရသည်။

ယမန်နေ့ နို၀င်ဘာ ၂၈ ရက်နေ့က ကုန်းကြမ်းရှိ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်မတော် (MNDAA) က ၀င် ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းတစ်ရင်းလုံး အလင်း၀င်ရောက်လာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။

ကုန်းကြမ်းဒေသသည် စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားသည့် နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်က လိုအပ်သလိုစီမံအုပ်ချုပ်ခွင့်ပြုထားသည့်ဒေသ ဖြစ်သည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၂၇ ရက်နေ့တွင် ကိုးကန့်၊ ရှင်း၀မ့်ဒေသ၊ ကုန်းကြမ်း ရှင်းကိုင်းနေရာရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ လက်နက်အချို့ကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ ရှောက်ပတ်အိုင်နေရာကို ထွက်ပြေးလာသည့် စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၆၉ ၏ တပ်ရင်းမှူးကို ဖမ်း ဆီးရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ပြီးခဲ့သည့် နို၀င်ဘာ ၁၂ ရက်နေ့ကလည်း ခမရ-၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုများပါ MNDAA ထံ အလင်း၀င်ရောက်ခဲ့သည်။

ခလရ-၁၂၅ သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံဖြစ်ပြီး လောက်ကိုင် အခြေစိုက် ဒေသ ကပ်ကဲမှုစစ်ဌာနချုပ်(ဒကစ လောက်ကိုင်)၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းခုနစ်ခုအနက် တစ်ခုဖြစ်သည်။

#ရှမ်းမြောက် #ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ #ကုန်းကြမ်းတိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ခလရ၁၂၅ #အလံဖြူထောင် #Ayeyarwaddy_Times