ဧရာဝတီတိုင်းမ်
(ရေဇွာ)၊ နိုဝင်ဘာ ၂၉ ရက်
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
မတူပီ-ဟားခါးလမ်းရှိ ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယနေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးက လက်နက်ချအညံ့ခံလိုက်တာ။ မြို့သိမ်းတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပါတယ်” ဟု ချင်းကာကွယ် ရေးတပ်ဖွဲ့ (ဇိုတုန်)၊ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လူနေအိမ်တချို့ပျက်စီး ခဲ့ကြောင်းသိရသည်။
မတူပီခရိုင်၊ ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဆဲန့်ထန်)၊ ချင်း ကာကွယ် ရေးတပ်ဖွဲ့(မရာ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်ရင်း-၂ တို့က တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ပုံစာ-ရေဇွာမြို့
#Breaking_News #မတူပီခရိုင် #ရေဇွာမြို့ #ချင်းကာကွယ်ရေးပူးပေါင်းတပ် #တိုက်ခိုက်သိမ်းပိုက် #စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ဦး #လက်နက်ချအညံ့ခံ #Ayeyarwaddy_Times