ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
တောင်တရုတ်ပင်လယ်အတွင်း ဩစတြေးလျနိုင်ငံနဲ့အတူ ပထမဆုံးအကြိမ် ပူးတွဲရေကြောင်းနဲ့ ဝေဟင် ကင်းလှည့်မှုတွေ ပြုလုပ်နေတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။
၂ နိုင်ငံကြား ပူတွဲကင်းလှည့်မှုတွေဟာ တောင်တရုတ်ပင်လယ်အတွင်း ရန်လိုလာတဲ့ တရုတ်နိုင်ငံကို ထိန်းကျောင်းဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည်ရဲ့ အထူးသီးသန့်ဇုန်အတွင်း ‘Maritime Cooperative Activity’ ကင်းလှည့်စောင့်ကြပ်မှု စတင် ကြောင်း ဖိလစ်ပိုင်စစ်တပ်က နိုဝင်ဘာလ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်နိုင်ငံမှ စစ်သင်္ဘော ၄ စင်းနဲ့ တိုက်လေယာဉ် ၅ စင်း၊ ဩစ တြေးလျနိုင်ငံမှ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနဲ့ ကင်းထောက်လေယာဉ်တစ်စင်း ပါဝင်လျက်ရှိပါတယ်။
ရေကြောင်းကင်းလှည့်မှုတစ်ခုအတွင်း တရုတ်စစ်သင်္ဘောတစ်စင်းက နောက်ယောင်ခံလိုက်လာခဲ့တယ် လို့ ဖိလစ်ပိုင်စစ်တပ်မှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းက စစ်ရေးလေ့ကျင့်မှုမှာပါဝင်နေတဲ့ ဖိလစ်ပိုင်လေယာဉ်တစ်စင်းကို တရုတ်ဂျက် တိုက်လေယာဉ် ၂ စင်းက ဝိုင်းထားခဲ့တယ်လို့ သူက ဆိုပါတယ်။
တရုတ်စစ်သင်္ဘောနဲ့ ဂျက်တိုက်လေယာဉ်တွေက အန္တရာယ်များသော ချည်းကပ်မှု၊ ရေဒီယိုသတိပေးချက် တော့ မပြုလုပ်ခဲ့ဘူးလို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဩစတြေးလျနိုင်ငံနဲ့ စက်တင်ဘာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆောင် ရွက်မှု လက်မှတ်ရေးထိုးကာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လျက်ရှိပါတယ်။
ဖိလစ်ပိုင်စစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တောင်တရုတ်ပင်လယ်နဲ့ အခြားဒေသတွေအတွင်း အမေရိ ကန်စစ်တပ်နဲ့ ၃ ရက်ကြာ ပူးတွဲကင်းလှည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Philippines, Australia conduct first joint patrols in South China Sea