ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
မြန်မာစစ်ကောင်စီနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်မှု ကြောင့် ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့လူတွေကို တရုတ်အာဏာပိုင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရ ပါတယ်။
စနေနေ့နေ့လယ်ပိုင်းက ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ရှိ နယ်စပ်ခြံစည်းရိုးဘက်ခြမ်းမှာရှိတဲ့ တိုက်ပွဲ ကြောင့်ထွက်ပြေးလာသူတွေကို တရုတ်အာဏာပိုင်တွေက မျက်ရည်ယိုဗုံးနဲ့ပစ်ခတ်တဲ့ ရုပ်သံဖိုင်တွေကို လူမှုကွန် ရက်တွေမှာ မြင်တွေ့ရပါတယ်။
“တရုတ်ရဲနဲ့ စစ်သားတွေက နယ်စပ်မှာ ခိုလှုံဖို့ကြိုးပမ်းတဲ့ ကိုးကန့်ပြည်သူတွေကို လူစုခွဲဖို့ မျက်ရည်ယို ဗုံးတွေ အသုံးပြုခဲ့ပါတယ်” လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လောက်ကိုင်ဒေသခံတစ်ဉီးက ပြောပါတယ်။
လောက်ကိုင်ဒေသခံတွေဟာ လက်နက်ကိုင်ပဋိပက္ခ အရှိန်မြှင့်လာတာကြောင့် မကြာသေးမီက ထွက် ပြေးလာခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်း နယ်မြေထိန်းချုပ်မှုတွေ ပိုရလာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှု အရှိန် မြှင့်တော့မယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။
ကိုးကန့်အဖွဲ့ MNDAA ဟာ စနေနေ့က လောက်ကိုင်မြို့ကနေ ၅၅ မိုင်အကွာ အရေးပါသော နယ်စပ်ကုန် သွယ်ရေးမြို့အနီးရှိ ကျင်းစန့်ကြော့ နယ်စပ်ဂိတ်ကို သိမ်းပိုက်ခဲ့ပါတယ်။
အဆိုပါနယ်စပ်ကုန်သွယ်ရေးဂိတ်ဟာ မြန်မာနိုင်ငံရဲ့ တရုတ်နဲ့ အကြီးမားဆုံး ကုန်သွယ်မှုပြုတဲ့ အရေးပါ သော ဝင်ပေါက် ၅ ခုအနက် တစ်ခုဖြစ်ပါတယ်။
ကိုးကား – RFA
Ref; Chinese authorities fire tear gas at people fleeing Myanmar fighting