ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

ဧရာ၀တီတိုင်းတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နို၀င်ဘာလ ဒုတိယပတ်မှစကာ ကျေးရွာများတွင် ကင်းပုန်း၀ပ်ခြင်းနှင့် မြို့တွင်းလုံခြုံရေးကို ပိုမိုပြုလုပ်လာကြောင်းဒေသခံများထံက သိရသည်။

“ဒီရက်ထဲတောထဲ ၀င်ပြီး ကင်းလှည့်လိုက်ကားလမ်းဘေးတွေမှာကင်းပုန်း၀ပ်လိုက်နဲ့ ရွာကအုပ်ချုပ်ရေးမှူးစီစဥ်ပေးတဲ့ အိမ်မှာလက်နက်အပြည့်အစုံနဲ့ ချက်ပြုတ်စားပြီးနေတယ်။ အင်အားက ၁၆ဦး လောက်ရှိတယ်” ဟု ပုသိမ် ၊ မော်တင်လမ်းပိုင်းမှ ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုင်းအတွင်းရှိ မြို့အ၀င်ဂိတ်များတွင် ယခင်ကဲ့သို့ တိုက်ခိုက်ရေးခြေလျင်တပ်များကို ထားရှိခြင်း မပြုတော့ဘဲ ရေတပ်၊ လေတပ်နှင့် ဆက်သွယ်ရေးထောက်ပို့တပ်များမှ စစ်ကောင်စီတပ်သားများကို ထားရှိ၍ မြို့တွင်းကင်းလှည့်ခြင်းများနှင့် သစ်တောများအတွင်းစစ်ကြောင်းထိုးခြင်းကို ခြေလျင်တပ်များက အဓိကထားလုပ်ဆောင်နေကြောင်း စစ်ကေင်စီနှင့်နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီတပ်သည် ဧရာ၀တီတိုင်း အတွင်းရှိကျေးရွာများအတွင်း နယ်မြေစိုးမိုးရေးခေါင်းစဥ်ဖြင့် လှည့်လည်ကာ စစ်ဆေးနေပြီး မြို့များပေါ်တွင်လည်း ညစဥ် ဧည့်စာရင်းများစစ်ဆေး၍ အိမ်တွင်ရှိသော လူအရေအတွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင် လူဦးရေတိုက်ဆိုင်စစ်ဆေး ခြင်းများကို ပြုလုပ်လာကြောင်းဒေသခံများထံက သိရသည်။

#ဧရာ၀တီတိုင်း #စစ်ကောင်စီ #လုံခြုံရေးပိုမိုတင်းကျပ် #ကင်းလှည့်ခြင်း #စစ်ကြောင်းထိုးခြင်း #အဓိကထားလုပ်ဆောင်လာ #Ayeyarwaddy_Times