
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၈ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး လေး ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နို၀င်ဘာ ၂၇ (စစ်ဆင်ရေးတစ်လပြည့်)နေ့ တွင် မတ္တရာမြို့နယ် ဂျိုပင် ကျေးရွာနှင့် သဖန်းကိုင်း ကျေးရွာကြားရှိ စစ်ကောင်စီစခန်းတစ်ခုကို ပူးပေါင်း အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ် ကောင်စီတပ်သား အလောင်း ၁၅ လောင်းနှင့် လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီစခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ညီနောင်မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မန္တလေး PDF ကလည်း ပူးပေါင်းပါ၀င်ခဲ့ပြီး တိုက်ခိုက်ခဲ့ရာ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲ (၈) ကြိမ်ဖြစ်ပွားခဲ့ပြီး MDY-PDF ပါ၀င်တိုက်ခိုက်ခဲ့သည် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၉၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မတ္တရာတိုက်ပွဲများမှတစ်ဆင့် မန္တလေးမြို့ပေါ်သို့ မဟာမိတ် အဖွဲ့များ ရောက်ရှိလာမည်ကို စိုးရိမ်၍ မြို့ပေါ်တွင်အင်အားတိုးချဲ့ချထားခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်း၊ အင်အားအများအပြားဖြင့် ခံစစ်ပြင်ဆင်ခြင်များ ပြုလုပ်ထားပြီး မတ္တရာမြို့ပေါ်နှင့် ကျေးရွာအချို့ကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်မှုကြောင့် ပြည်သူအချို့သေဆုံးခဲ့ရပြီး နေအိမ်များလည်းပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ကာ မတ္တရာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ် ဆိုင်တွင် ဆိုင်ရှင်နှင့်ပြည်သူ ၁၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ပစ်သတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။
Photo- မန္တလေး PDF
#မန္တလေးတိုင်း #မတ္တရာ #မဟာမိတ်အဖွဲ့ #MDYPDF #TNLA #၁၀၂၇စစ်ဆင်ရေး၁လပြည့် #ဝင်ရောက်တိုက်ခိုက် #စစ်ကောင်စီတပ်သား၁၅ဦးသေဆုံး #Ayeyarwaddy_Times