ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

မကြာသေးမီက မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၂၇ ဦး မှာ ယခုအခါ ဘေးအန္တရာယ်ကင်းတဲ့ နေရာတစ်ခုမှာရောက်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဇမ်ဘာရီကဒါက အခိုင်အမာပြောကြားလိုက်ပါတယ်။

“သူတို့ကို မကြာမီ လေကြောင်းနဲ့ ပြန်ခေါ်လာမှာဖြစ်ပါတယ်” လို့ နိုဝင်ဘာလ ၂၇ ရက်က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူက မီဒီယာတွေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၂၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်မှာ အိမ်ပြန်ခေါ်မယ်လို့ ဒေါက်တာ ဇမ်ဘာရီကဒါက ဆိုပါတယ်။

မလေးရှားအစိုးရက မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို နေရပ်ပြန်ခေါ်ဖို့ ပို့ဆောင်ရေးကိစ္စရပ် တွေ ညှိနှိုင်းဆောင်ရွက်နေပြီး မြန်မာအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို စောင့်ဆိုင်းနေတယ်လို့ သူက ဆက် ပြောပါတယ်။

ပဋိပက္ခဒေသမှ မလေးရှားနိုင်ငံသားတွေကို ရွှေ့ပြောင်းဖို့ကြိုးပမ်းမှုတွေက တရုတ်အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာနဲ့တရုတ်ကို ကျေးဇူးတင်ရှိတယ်လို့ သူက ပြောပါတယ်။

လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေမှာ လူမှောင် ခိုကူးခံထားရတဲ့ မလေးရှားနိုင်ငံသား ၁၀၉ ဉီး ပိတ်မိနေတယ်လို့ မလေးရှားအစိုးရက အစောပိုင်းမှာ ပြောကြားခဲ့ ပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနဲ့ ဟောင်ကောင်ဒေသခံတစ်ဉီး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ မလေးရှားအစိုးရက ကူညီပေးခဲ့တယ်လို့ ဇမ်ဘာရီက ဆိုပါတယ်။

ကိုးကား – The Sun
Ref; Zambry: 127 Malaysians stranded in Myanmar to be flown home soon

#Ayeyarwaddy_Times