ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးမှုတိုးမြှင့်ဖို့ တောင် ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က ယနေ့ ကိုရီးယားကျွန်းဆွယ်တောင်ဘက် ရေပိုင်နက်အတွင်း ပူးတွဲ ရေတပ် ဆိုင်ရာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားရေတပ်က ပြောပါတယ်။

ဆိုးလ်မြို့တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၂၀ အကွာ ဘူဆန်မြို့က ရေတပ်အခြေစိုက်စခန်းတစ် ခုမှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Carl Vinson ပါဝင်တဲ့ ပူးတွဲလေ့ကျင့်မှုကို ဂျယ်ဂျူးကျွန်းအလွန် ရေပိုင်နက်မှာ ပြုလုပ်ခဲ့တာပါ။

အဆိုပါရေကြောင်းဆိုင်ရာလေ့ကျင့်မှုမှာ တောင်ကိုရီးယားရေတပ်ရဲ့ Aegis ဖျက်သင်္ဘောတွေနဲ့ ဂျပန်ရေ တပ်ရဲ့ Murasame အတန်းအစား ဖျက်သင်္ဘောတွေ ပူးပေါင်းခဲ့တယ်လို့ တောင်ကိုရီးယားရေတပ်က ဆိုပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံး ကျည်ခြိမ်းခြောက်မှုတွေကြောင့် ၃ နိုင်ငံကြား ပူးတွဲ တိုက်ခိုက်ရေးစွမ်းပကားတွေ၊ ကာကွယ်ရေးစွမ်းရည်တွေ မြှင့် တင်ဖို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

သူလျှိုဂြိုဟ်တုက တောင်ကိုရီးယား၊ ဟာဝိုင်အီနဲ့ ဂူအမ်ရှိ အမေရိကန်စစ်စခန်းတွေအပြင် USS Carl Vinson လေယာဉ်တင်သင်္ဘောရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ ၃ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ပိုမိုကောင်းမွန်စွာ တန်ပြန် ဖို့ ဒီလအစောပိုင်းမှာ ၃ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။

ကိုးကား – Yonhap
Ref; S. Korea, U.S., Japan stage joint naval drills involving aircraft carrier

#Ayeyarwaddy_Times