
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်၌ အာယီယံအထူးသံတမန်ရုံး ဖိတ်ခေါ်သဖြင့်တွေ့ဆုံရာတွင် တရားမဝင်အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံမှုမရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG) က ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့က သတင်းထုတ်ပြန်သည်။
အာဆီယံအထူးသံတမန်ရုံးက မြန်မာ့အရေးနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံမှသက်ဆိုင်သူများ ( State Holders) တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၀ မှ ၂၂ ရက်နေ့ထိကျင်းပခဲ့ကြောင်း အင်ဒိုနီးရှား၊ နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲ၌ အာဆီယံ၏ အဖွဲ့များအလိုက်သီးခြားတွေ့ဆုံမှုအစီအစဉ်များအရ အာဆီယံနိုင်ငံများနှင့် အမျိုးသားညီညွတ်ရေးအစိုးသီးသန့်တွေ့ဆုံပြီး နွေဦးတော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့် တပြေးညီ မှန်ကန်၊ရှင်းလင်း၊နားလည်၊သိရှိနိုင်ရေးအတွက်ဆွေးနွေးဆက်ဆံလျက်ရှိကြောင်း NUG ထုတ်ပြန်ချက်တွင်ပါဝင်သည်။
တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်ဆိုသူများအပါအဝင် မည်သူနှင့်မျှ မည်သည့် နေရာ၊ မည်သည့်အချိန်တွင်မျှတွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိကြောင်း NUG ထုတ်ပြန်သည်။
အာဆီယံက တွေ့ဆုံဆွေးနွေးမှုရန်တိုက်တွန်းနေသော်လည်း ပြည်သူ့သဘောထားကိုအခြေမခံဘဲ၊ နွေဦး တော်လှန်ရေးအင်အားစုများနှင့်မဟာမိတ်များ၏ သဘောထားမပါဘဲအသွင်းကူးပြောင်းရေးကာလ တရားမျှတမှုအပြည့်အဝကျင့်သုံးနိုင်ရန်အာမခံချက်မရှိဘဲ မည့်သည့်ဆွေးနွေးမှုများမလုပ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထို့ပြင် အင်ဒိုးနီးရှား၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်ပါဝင်သောတွေ့ဆုံဆွေးနွေးပွဲ များကျင်းပခြေရှိမှုနှင့်ပတ်သက်ပြီးဖော်ပြသည် အာဆီယံအထူးသံတမန်ရုံးကောက်ချသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံမူငါးချက်ကိုချမှတ်ခဲ့ရာ မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများချက်ချင်းရပ်ပြီး သက်ဆိုင်သူများထိန်းသိမ်းရန်၊ ပြည်သူ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးအဖြေရှာရန်၊ အာဆီယံဥက္ကဌ အထူးကိုယ်စားလှယ်ကြားဝင်ညှိုနှိုင်းပေးရန်၊ အာဆီယံအသင်း၏ လူသားချင်းစာနာမှူကူညီရေးအပါအဝင် သက်ဆိုင်သူများအားလုံးနှင့်တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ် အဖွဲ့မြန်မာနိုင်ငံစေလွှတ် ရန်တို့ပါဝင်သည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကထောက်ခံလျက်ရှိသော အာဆီယံမူငါးချက်အကောင်အထည်ရေးအတွက် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံကို စစ်ကောင်စီအာဏာစတင်သိမ်းထားသည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်ရောက်ရှိပြီး စစ်ခေါင်းဆောင်အပါအဝင် နိုင်ငံရေးပါတီတချို့နှင့်တွေ့ဆုံခဲ့သည်။
ထို့ပြင်အာဆီယံအထူးကိုယ်စားလှယ်က နေပြည်တော်အချုပ်ထောင်မှာ မတရားအကျဉ်းကျခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရာတွင်စစ်ကောင်စီက ခွင့်မပြုခဲ့ချေ။
ဓာတ်ပုံ – ASEAN စာမျက်နှာ
#အင်ဒိုနီးရှား #တရားမဝင် #အကြမ်းဖက်စစ်ကောင်စီနှင့်တွေ့ဆုံမှု #မရှိကြောင်း #NUGထုတ်ပြန်
#Ayeyarwaddy_Times