ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးဆင်နွှဲနေသည့် ကိုးကန့်တပ်မတော်(MNDAA) ၊ တအာင်းတပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) မြောက်ပိုင်းညီနောင်မဟာမိတ် ထံသို့ Medical Family Mandalay -MFM (ကျန်းမာရေးမိသားစု-မန္တလေး) က ကျပ်သိန်းတစ်ထောင် (သိန်း-၁၀၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

Medical Family Mandalay သည် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ် လေယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူများနှင့် ပြည်သူ့ရဲဘော်များအတွက် ဆေးကုသရန် ၊ လိုအပ်သည့် ကုန်ကျစရိတ်များတွင် အသုံးပြုနိုင်ရန် နှင့် စစ်ရှောင်ပြည်သူများတွက် တ‌ထောင့် တစ်နေရာမှ ကူညီပေးနိုင်ရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ထံသို့ ငွေကျပ် သိန်း ၁၀၀၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ထို့ပြင် Medical Family Mandalay -MFM အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေးရှိသော ဖက်ဒရယ်ဒီမို ကရေစီစနစ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်နေသော ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ အစဉ်တစိုက် ဆက်လက်ရပ်တည်သွားမည်ဟု ဆိုထားသည်။

ဓာတ်ပုံ-MNDAA
#ညီနောင်မဟာမိတ် #ကျန်းမာရေးမိသားစုမန္တလေး# ကျပ်သိန်း၁၀၀၀လှူဒါန်း #Ayeyarwaddy_Times