
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၅ ရက်
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်သည့် နို၀င်ဘာ ၂၇ ရက်နေ့တွင် တနိုင်ငံလုံးစစ်ဆင်ရေးအဖြစ် တစ်ဆင့်မြှင့်တက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာလိုက်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးသည် ယခုဆိုလျှင် စစ်ရေးလှုပ်ရှားရာဒေသများတွင် စစ်ရှိန်ဆက်လက်မြှင့်တင်လျက်ရှိပြီး စစ်ရေးအရသတ်မှတ်ထားသော စစ်ကောင်စီ၏ အရေးပါသောနေရာများ၊ စစ်ဆင်ရေးကိုအနှောင့်အယှက်ပေး သောနေရာများ၊ စစ်ကောင်စီ၏ လက်နက်ကြီးကုန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ထို့ကြောင့် လာမည့် နို၀င်ဘာလ ၂၇ ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့၏ ၁၀၂၇ ဟန်ချက်ညီစစ်ဆင် ရေးမှတစ်ဆင့် တစ်နိုင်ငံလုံးပါ၀င်လာသည့် စစ်ဆင်ရေးကိုတစ်ဆင့် မြှင့်တင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာထားသည်။
မဟာမိတ်အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ အဓိကတပ် စခန်းကုန်းများကို တစ်လအတွင်း ၂၀၀ ကျော်သိမ်း ပိုက်ရရှိထားပြီဖြစ်ကြောင်းသိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည့် စး မိုင်းကျက်တပ်စခန်းကုန်း သိမ်းပွဲတွင် စစ်ကောင်စီက လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၉၅ ကြိမ်၊ Y-8, Y-12 လေယာဉ်ဖြင့် ၁၂ ကြိမ်၊ MI-35 တိုက်လေယာဉ်ဖြင့် ၁၅ ကြိမ်၊ MI-17 တိုက်လေ ယာဉ်ဖြင့် ၁၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်သုံးကာ စခန်းကုန်းမကျရေးကာ ကွယ်ခဲ့သည့် စခန်းလည်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်က မိုင်းကျက်တပ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် စခန်းကုန်းပြန်လည်ရရှိရေးအတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြင့် ထပ်မံလာ ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ်အဖွဲ့က စစ်ရှိန်မြှင့်တင်မည်ဟု ကြေညာချက် ထုတ်လာသလို စစ်ကောင်စီတပ်တွင်း၌လည်း စစ်ရေးသတိပေးချက်များ တပ်လှန့်ထားမှုများရှိနေပြီး တပ်မိသားစု၀င်များအနေဖြင့် ရိက္ခာစုဆောင်းမှုများအပြင် အသင့်အနေအထားဖြင့်နေထိုင်ကြရန် ညွှန်ကြားထားကြောင်း ရေတပ်တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တရား၀င်စာထုတ်ကြေညာခြင်းမဟုတ်ဘဲ ညမထွက်ရ အမိန့်ကို ကားဖြင့်လိုက်လံကြေညာမှုများပြုလုပ်နေပြီး မြို့ပေါ်ရှိစာသင်ကျောင်းအချို့တွင် ၀င် ရောက်တပ်စွဲနေထိုင်မှုများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။
#၁၀၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ် #တနိုင်ငံလုံးစစ်ဆင်ရေး #နောက်တစ်ဆင့်တက်ရန်အသင့်ဖြစ် #ကြေညာ #Ayeyarwaddy_Times