ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံက အရေးပါသော သက်ဆိုင်သူတွေအချို့ပါဝင်တဲ့ အစည်းအဝေးတစ်ရပ် ကို လက်ခံကျင်းပခဲ့ပြီး တက်ရောက်သူတွေက မကြာမီ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ကျင်းပရေးနဲ့ပတ် သက်လို့ အပြုသဘောဆောင်တဲ့ အကြံပြုချက်ပေးခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောကြားပါတယ်။
ဂျကာတာမြို့တော်မှာ နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီမိုကရေစီအဖွဲ့ တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ကိုယ်စားလှယ်တွေ တက်ရောက်ပေမယ့် စစ်ကောင်စီက မ တက်ရောက်ဘဲ ပါဝင်ဆွေးနွေးသူတွေကသာ ကိုယ်စားပြုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့ သွေးထွက်သံယို အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ပြိုင်ဘက်တွေ ကြား တွေ့ဆုံဆွေးနွေးရေးပြုလုပ်ဖို့ အာဆီယံဉက္ကဌ အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးနေပါတယ်။
အစည်းအဝေးရဲ့ရည်ရွယ်ချက်က အားလုံးပါဝင်သော ဆွေးနွေးမှုတွေပြုလုပ်ရေး၊ အကြမ်းဖက်မှု လျှော့ချ ရေးနဲ့ အာဏာသိမ်းပြီးပြီးချင်း မြန်မာစစ်တပ်ကိုယ်တိုင် သဘောတူခဲ့တဲ့ တူညီဆန္ဒငါးရပ်နဲ့အညီ လူသားချင်းစာ နာမှု ကြိုးပမ်းချက်တွေကို ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။
ကနဉီး တွေ့ဆုံဆွေးနွေးမှုတွေ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးမယ့် အဖွဲ့အသီးသီးရဲ့ သတင်းစကားတွေ ဖ လှယ်နိုင်ဖို့ အထူးကိုယ်စားလှယ်ရုံးက လုပ်ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိတ်တဆိတ် ထိတွေ့ဆက်ဆံနေပေ မယ့် တွေ့ဆုံဆွေးနွေးဖို့ ကြိုတင်သတ်မှတ်ချက်နဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေကြောင့် တိုးတက်မှုမရှိခဲ့ပါဘူး။
စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ကို မဖော်ဆောင်သရွေ့ အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ် ချုပ်ကြီးတွေကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
NUG ဟာ အကြမ်းဖက်သမားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံနေတယ်လို့ မြန်မာစစ်တပ်က စွပ်စွဲကာ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ခဲ့ပါတယ်။
စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ သံန္နိဌာန်ချထားတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ ပေမယ့် နိုင်ငံရေးအနာဂတ်မှာ စစ်တပ်အတွက် နေရာမရှိဘဲ စစ်တပ်ကို အရပ်သားအစိုးရအောက်မှာထားမယ်လို့ ပြောပါတယ်။
ကိုးကား – Reuters
Ref; Indonesia Says ‘Positive’ Signs From Myanmar’s Warring Camps on Dialogue Effort