ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် နို၀င်ဘာလ ၂၄ ရက်နေ့ည ၈နာရီ ၃၀ ခန့်က နှစ်ဦးနှစ်ဘက်ကြေအေးပြီးသော အမှုတစ်ခုကို အမှုပြန်ဖွင့်မည်ဟု ခြိမ်းခြောက်ငွေညှစ်သဖြင့် ဓါးခုတ်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဓါးခုတ်ခံရသူမှာ ပုသိမ်မြို့တွင် အမှုပွဲစား အဖြစ်လုပ်ကိုင်နေသော ဦးစန်း၀င်း ဆိုသူ ဖြစ်ပြီးဓနိတန်းလမ်းရှိ ခရီးသွားပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်အား သွားရောက်ခြိမ်းခြောက်ရာမှ အဆိုပါ လုပ်ငန်းရှင်က ဓါးဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပုသိမ်မှာတော့ အိုမီဂါစန်း၀င်းဆိုတာနံမည်ကြီးပါပဲ။ လွန်ခဲ့တဲ့တစ်လ ကျော်လောက်က ကားမှောက်တာ လူတစ်ဦးသေခဲ့တယ်။ နှစ်ဦးနှစ်ဘက်လျှော်ကြေးပေးပြီး အားလုံးကြေအေး အားလုံးပြီးပြီ။ အဲ့ဒါကိုသူက အဲ့အမှုကို ပြန်ဖော်ပြီးငွေလာညှစ်တာ တစ်ဖက်လူက မဟုတ်မခံ စိတ်တိုတတ်တော့ ဓါးနဲ့ ခုတ်တာ
သေတောင်သေနိုင်တယ်”ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

လက်ရှိတွင် ဓါးနှင့်ခုတ်သူမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဦးစန်း၀င်းဆိုသူမှာ လည်ပင်ပြတ်ရှဒဏ်ရာ၊ လက်ပြတ်ရှ ဒဏ်ရာများနှင့် ဆေးရုံတက်ရောက်နေရပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ရဲတပ်ဖွဲ့ နှင့်နီးစပ်သူများထံမှသိရှိရသည်။

#အမှုပြန်ဖွင့် #ခြိမ်းခြောက်ကာငွေညှစ်ခဲ့သောပုသိမ်မြို့ #အမှုပွဲစားဓါးခုတ်ခံရ #Ayeyarwaddy_Times