ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်

ရုရှားနိုင်ငံရဲ့ ကူညီပံ့ပိုးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ ဒီသီတင်းပတ်အတွင်း ပထမဆုံးအကြိမ်အ ဖြစ် ကမ္ဘာပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက သုံးသပ် ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက သူလျှိုဂြိုဟ်တု လွှတ်တင်တာကြောင့် ဒေသတွင်း တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး ၂ နိုင်ငံစလုံးက ပြန်လည်ရင်ကြားစေ့ရေး သဘောတူညီချက်ကို ချိုးဖောက်ကာ လုံခြုံရေးထူထပ်တဲ့ နယ်စပ်တစ် လျှောက် ရန်လိုသောလုပ်ရပ်တွေ လုပ်ဆောင်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Malligyong-1 ဂြိုဟ်တုကို အင်္ဂါနေ့ညပိုင်းက ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်နိုင်ခဲ့တယ်လို့ ဒီနှစ်အ စောပိုင်းမှာ သူလျှိုဂြိုဟ်တုလွှတ်တင်မှု ၂ ကြိမ် မအောင်မြင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုဟ်တုက ကမ္ဘာပတ်လမ်းအတွင်း ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ် တပ်က အတည်ပြုခဲ့ပေမယ့် ဂြိုဟ်တုက အလုပ် လုပ် မလုပ် အတည်ပြုဖို့ ရက်များစွာ စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံရဲ့အကူအညီက မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုဟ်တု လွှတ်တင်ရေးအောင်မြင်မှုရဲ့ အဓိက အ ကြောင်းရင်းဖြစ်နိုင်တယ်လို့ တံခါးပိတ်ရှင်းလင်းပွဲမှာ တောင်ကိုရီးယား သူလျှိုအေဂျင်စီက လွှတ်တော်အမတ်တွေ ကို ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်ကို ပံ့ပိုးကူညီဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိပြုခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ကိုးကားပြီး ပြောပါတယ်။

ရုရှားနိုင်ငံက မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုအစီအစဉ်အတွက် နည်းပညာအကူအညီ ပေးနေပုံပုံကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က သီးခြား လွှတ်တော်ကော်မတီအစည်းအဝေးသို့ ပြောပါ တယ်။

မြောက်ကိုရီးယားက ပုံထွက်အားကောင်းတဲ့ ဂြိုဟ်တုဓာတ်ပုံတွေရရှိအောင် ရုရှားနိုင်ငံက ကူညီမှာကို စိုး ရိမ်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – ABC News
Ref; South Korea says Russian help likely enabled North Korea to launch a spy satellite
#Ayeyarwaddy_Times