ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

ဧရာဝတီတိိုင်းရှိ မြို့ပေါ်ရဲစခန်းများတွင် ဘန်ကာများ၊ ကင်မျှော်စင်များ နှင့် ဗုံးခိုကျင်းများကို အခိုင်မာဆောက်လုပ်နေပြီး ရဲအင်အားဖြည့်တင်ထားကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများတွင် နိုဝင်ဘာလမှ စပြီး အထက်ပါလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည့်အပြင် ခြံစည်ရိုးနှင့် သံဆူကြိုးများကိုပါ အခိုင်အမာပြန်လည်ပြင်ဆင်နေကြပြီး ရဲတပ်ဖွဲ့အင်အားကိုလည်း ဖြည့်တင်ထားကြောင်း သိရသည်။

“နယ်ဘက်မှာ ဗုံးတွေ သေနတ်တွေ မိကတည်းက နယ်ခြင်းဆက်လမ်းပေါ်က စခန်းတွေမှာ ခြံစည်းရိုးကို ဝါးချွန်တွေနဲ့ ကာထားတယ် ။ အခု ဒီလထဲမှာ မြို့ထဲမှာရှိတဲ့စခန်းတွေမှာ မျှော်စင်တွေကို သံပြားတွေ ကွန်ဂရစ်တွေနဲ့ဆောက်နေကြတယ် ။ ဗုံပစ်သွင်လို့မရအောင်လည်း နေပူခံဇာလိုမျိုးတွေကို လူသွားလမ်းနဲ့နီးတဲ့ နေရာတွေမှာ အပြည့်ကာထားတာတွေ့ရတယ် “ ဟု မြောင်းမြမြို့နယ်မှ အမျိုးသားတစ်ဦးက ဧရာဝတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း မြို့ပေါ်စခန်းမှ ရဲအချို့အား နယ်ဘက်သို့ ပြောင်းရွေ့ခြင်းများကို နိုဝင်ဘာလအတွင်းလုပ်ဆောင်နေကြောင်း လည်း သတင်းရရှိသည်။

“ကျနော်တို့ဆီက ရဲတွေက တိုက်နယ်စခန်းတွေဆီရောက်သွားတယ်လို့ကြားတယ် ။ အခု စခန်းထဲရောက်နေတဲ့ကောင်တွေက လူသစ်တွေပါ ဘာလို့သိလည်းဆိုတော့ ဆိုင်ကယ်ဖမ်းရင် အခုက မျက်နှာသိမရှိတော့ဘူး။ ဗိုလ်တွေပါ အသစ်ပြောင်းလာကြတာ ဆိုင်ကယ်ဖမ်းတာအရင်ကမိရင်တောင် ကိုယ့်အသိတွေဆို ပြောလို့ရသေတယ် ။ ဒီကောင်တွေက အကုန်ဖမ်းတာ ငွေမျက်နှာပဲထောက်တော့တယ် “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို​ပြောသည်။

တော်လှန်ရေးအင်အားစုများ အနေဖြင့် ခုခံတွန်းလှန်စစ် မှ ထိုးစစ်အသွင်ပြောင်းလာပြီးနောက်ပိုင်း စစ်ကောင်စီသည် အထိနာလာပြီး ဧရာဝတီတိုင်းတွင် လုံခြုံးရေ ပိုမို တိုးမြှင့်ထားကြောင်း ဒေသတွင်သတင်းရင်းမြစ်များထံမှ သိရသည်

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။

#ဧရာဝတီတိိုင်း #မြို့ပေါ်ရဲစခန်းများ #ခံစစ် #အခိုင်မာဆောက်လုပ်နေ #ရဲအင်အားဖြည့်တင်ထား
#Ayeyarwaddy_Times