ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

အစ္စရေးနဲ့ ဟားမာစ်အဖွဲ့က ယနေ့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီး စစ်သွေးကြွအဖွဲ့ က ယနေ့နှောင်းပိုင်းမှာ အမျိုးသမီးနဲ့ကလေးငယ် ဓားစာခံ ၁၃ ဉီးကို လွှတ်ပေးမည်ဖြစ်ကာ ဂါဇာဒေသသို့ အကူ အညီတွေ ပေးအပ်ခွင့်ပြုမယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ ယနေ့နံနက် ၇ နာရီမှာ စတင်ခဲ့ပြီး အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအ တွင်း ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၀၀ ကျော်ကို လွှတ်ပေးရေးလည်း ပါဝင်ပါတယ်။

အပြန်အလှန်အားဖြင့် အစ္စရေးနိုင်ငံရှိ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအ ကျဉ်းသား အများအပြားကိုလည်း လွှတ်ပေးမယ်လို့ သိရပါတယ်။

ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီ စီးဆင်းမှု စတင်မှာဖြစ်ပြီး သက်ကြီးအမျိုးသမီးတွေ အပါအ ဝင် ပထမအသုတ် ဓားစာခံတွေကို ညနေ ၄ နာရီမှာ လွှတ်ပေးမှာဖြစ်ကာ ၄ ရက်အတွင်း ဓားစာခံ ၅၀ ကျော် လွှတ်ပေးမယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်လ်အန်ဆာရီက ဒိုဟာမြို့ တော်မှာ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဒီဇယ် ၁၃၀၀၀၀ လီတာ၊ ဓာတ်ငွေ့ယာဉ် ၄ စင်းနဲ့ အကူအညီပေး ရေးယာဉ် ၂၀၀ စင်း ဂါဇာမြို့တော်သို့ ဝင်ရောက်မယ်လို့ အီဂျစ်နိုင်ငံက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဂါဇာဒေသတွင်းရှိ အပစ်အခတ်ရပ်စဲရေးမျဉ်းနောက်မှာ ရှိနေမယ်လို့ အစ္စရေးစစ် တပ်က ပြောပါတယ်။

“ဂါဇာမြောက်ပိုင်းကို ထိန်းချုပ်နိုင်ရေးဟာ စစ်ပွဲရဲ့ပထမအဆင့်ဖြစ်ပြီး ကျွန်တော်တို့ နောက်တစ်ဆင့်အ တွက် ပြင်ဆင်နေပါတယ်” လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။

ဟားမာစ်တိုက်ခိုက်ရေးသမားတွေဟာ ဆေးရုံတွေ အပါအဝင် အရပ်သားနေအိမ်တွေ၊ အဆောက်အဉီ တွေိကို အသုံးပြုနေတယ်လို့ အစ္စရေးနိုင်ငံက ပြောပေမယ့် ဟားမာစ်အဖွဲ့က ငြင်းဆန်ထားပါတယ်။

ကိုးကား – Reuters
Ref; Gaza truce appears to hold initially as Israel, Hamas start ceasefire

#Ayeyarwaddy_Times