ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

အစ္စရေးနိုင်ငံက ပြီးခဲ့တဲ့လအတွင်း ဂါဇာဒေသမှာ ဟားမာစ်အဖွဲ့နဲ့ စစ်ပွဲစတင်ပြီးနောက်ပိုင်း အမေရိကန် နိုင်ငံရဲ့ ယူကရိန်းသို့ လက်နက်ကြီးကျည်ဆံ ပေးပို့မှုက ၃၀ ရာခိုင်နှုန်းကျော် လျှော့နည်းခဲ့တယ်လို့ အမေရိကန် ရုပ်သံဌာန ABC က ယူကရိန်း တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေကို ပေးပို့ဖို့ရည်ရွယ်ထားတဲ့ ၁၅၅ မီလီမီတာ လက်နက်ကြီးကျည်တွေကို အစ္စရေးနိုင် ငံသို့ ပေးပို့ခဲ့တယ်လို့ ABC News ရုပ်သံဌာနက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံက ထောက်ပံ့ပေးတဲ့ လက်နက်ကြီးကျည်ဟာ ယူကရိန်းတပ်ဖွဲ့တွေ အသုံးပြုတဲ့ လက် နက်ကြီးကျည်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ အမည်မဖော်လိုတဲ့ ယူကရိန်း တာဝန်ရှိသူတစ်ဉီးကို ကိုး ကားပြီး ABC News ရုပ်သံဌာနက ဆိုပါတယ်။

“ကျွန်တော်တို့ ဒုက္ခအကြီးအကျယ်ရောက်နေပါတယ်။ လက်နက်ကြီးကျည်တွေ ထပ်မရတော့ပါဘူး” လို့ အဆိုပါ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဇာဒေသမှာ ဖြစ်ပျက်နေတာတွေဟာ ယူကရိန်းကို လက်နက်ကြီးကျည်ထောက်ပံ့တာနဲ့ ဘာမှမဆိုင် ဘူးလို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ABC News ရုပ်သံဌာနက ပြောပါတယ်။

ကိယက်ဗ်ခရီးစဉ်အတွင်း အမြောက်ကျည် ၂၀၀၀၀ အပါအဝင် စစ်ရေးအကူအညီ ထပ်ပေးဖို့ ကတိပြုတဲ့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုရီးယက်ပ်ကို ကျေးဇူးတင်ရှိတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီး က ပြောပါတယ်။

စစ်ရေးအကူအညီ ဆက်လက်ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းနိုင်ငံက တောင်းဆိုဖွယ်ရှိတယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; ABC: US shells delivered to Ukraine down 30% since start of Israel-Gaza conflict

#Ayeyarwaddy_Times