
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသား ၇၀၀ ခန့်ဟာ ဘေးကင်းတဲ့နေရာတွေမှာ ယာယီ နေထိုင်နေပြီး မြန်မာ နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်အချို့က ရှုပ်ထွေးသော လုံခြုံရေးအခြေအနေကြောင့် အခြားသူတွေနဲ့ပတ်သက်တဲ့ သ တင်းအချက်အလက်တွေကို လက်ရှိမှာ အတည်ပြုနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသ မီး ဖန်သူဟန်က ပြောပါတယ်။
နိုဝင်ဘာလ ၂၃ ရက်က ဟနွိုင်းမြို့တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသားတွေအတွက် အကာအကွယ်ပေးရေး အစီအမံတွေနဲ့ပတ်သက်တဲ့ သ တင်းထောက်တွေရဲ့ မေးမြန်းချက်ကို သူက တုံ့ပြန်ခဲ့တာပါ။
အောက်တိုဘာလနှောင်းပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်တဲ့ သတင်းတွေ ရရှိပြီးနောက် ဗီယက်နမ်နိုင်ငံသားတွေ ဘေးကင်းစွာ နေထိုင်နိုင်ရေးနဲ့ တိုက်ပွဲဖြစ်ရာဒေသတွေကနေ ရွှေ့ပြောင်း နိုင်ရေး စီစဉ်ပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ဗီ ယက်နမ်သံရုံးကို ချက်ချင်း ညွှန်ကြားခဲ့တယ်လို့ ဖန်သူဟန်က ပြောပါတယ်။
ဝန်ကြီးဌာန၊ မြန်မာနဲ့တရုတ်နိုင်ငံတွေရှိ ဗီယက်နမ်ကိုယ်စားလှယ်အေဂျင်စီတွေကလည်း ဒေသတွင်း ဗီယက်နမ်နိုင်ငံသားတွေရှိရာ တိုင်းပြည်တွေက ကိုယ်စားလှယ်တွေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်ကာ သတင်းအ ချက်အလက်တွေ မျှဝေခဲ့ပြီး နိုင်ငံသားတွေ ကာကွယ်ပေးရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရာမှာ ဗီယက် နမ်နိုင်ငံကို ကူညီဖို့ တရုတ်အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းမယ့် အစီအမံတွေ အကောင်အထည်ဖော်ဆောင်ဖို့နဲ့ ဖြစ်နိုင် သမျှစောပြီး ဘေးလွတ်ရာရွှေ့ပြောင်းမယ့် အစီအစဉ်တွေ ဖော်ဆောင်ဖို့ ဝန်ကြီးဌာနက ပြည်တွင်း/ပြည်ပအဖွဲ့အ စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်နေတယ်လို့ သူက အတည်ပြုပါတယ်။
ဝန်ကြီးဌာနက အခြေအနေကို အနီးကပ် ဆက်လက် စောင့်ကြည့်ကာ ဗီယက်နမ်နိုင်ငံသားတွေနဲ့ ထိတွေ့ ဆက်ဆံပြီး နိုင်ငံသားတွေ ဘေးကင်းစွာ အိမ်ပြန်ခေါ်နိုင်မယ့် လိုအပ်သော ကာကွယ်ပေးရေး အစီအမံတွေ ဆောင် ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – VNA
Ref; About 700 Vietnamese citizens in Myanmar now in temporarily safe areas: Spokeswoman