ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၃ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့် ပါရမီလမ်းထောင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိ စစ်ကောင်စီတပ်ကို ယနေ့ ညပိုင်းတွင် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နို၀င်ဘာ ၂၃ ရက် ည ၇ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် အဆိုပါလျှပ်စစ်အင်ဂျင်နီယာရုံးရှိ စစ်ကောင်စီတပ်ကို Yangon Army နှင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

“စစ်ကောင်စီတပ်သားတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ တယ်”ဟု Yangon Army က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများကို မျိုးစုံဖိနှိပ် အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိရောက်စွာ တိုက်ခိုက်သွားမည်ဟုလည်း ရေးသားထားသည်။

စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ခံရပြီးနောက် ရုံး အတွင်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် စစ်တပ်‌ဝါဒဖြန့် ချန်နယ်များတွင် လူနှင့်ပစ္စည်းတစ်စုံ တရာထိခိုက်မှုမရှိကြောင်း ရေးသားထားသည်။

ရုံးဌာနတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပြည်သူတစ်ဦးမှ “အခု ဌာနဆိုင်ရာတွေက ပြန်ဆိုးသွမ်းနေတာ ၀န်ထမ်း တွေလူပါး၀နေတာ။ မီတာရုံးတို့၊ လ၀ကရုံးနဲ့ အုပ်ချုပ် ရေးမှူးရုံးတွေ။ လူတွေကို မိုက်မိုက်ရိုင်းရိုင်းတွေကြီး ပြောတာ။ ပိုက်ဆံလည်းပေါ်တင်တောင်းတာ။ အခုလို လုပ်တာနဲ့ပတ်သက်ပြီး သဘောတူတယ်”ဟု ရန်ကုန် မြို့နေသူ အမျိူးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

#ရန်ကုန် #တောင်ဥက္ကလာပ #လျှပ်စစ် #မီတာရုံး #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #Yangon Army #အနောက်ပိုင်းခရိုင်ပကဖ

#Ayeyarwaddy_Times