
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၃ ရက်
ယခုအချိန်သည် နွေဦးတော်လှန်ရေးအတွက် အဆုံး အဖြတ်ကာလတစ်ခုဖြစ်လာသည့်အတွက် တော်လှန်ရေးတွင် ပြည်သူလူထု ပူးပေါင်းပါ၀င်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က နိုဝင်ဘာလ ၂၃ ရက်နေ့တွက် တိုက်တွန်းစာထုတ်ပြန်ခဲ့သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် ကရင်နီပြည်နယ်အတွင်း နို၀င်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး ၁၁၁၁ စစ်ဆင်ရေးကို ဆင်နွှဲလာခဲ့ရာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနှင့် ကရင်နီအရှေ့ဘက်ကမ်း ဒေသများတွင် တိုက်ပွဲများ ဖော်ဆောင်လာခဲ့သည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲများ မြန်မာနိုင်ငံအနှံ့ပြင်းထန်လာသည်နှင့်အညီ ပြည်သူလူထူအနေနှင့် တော်လှန်ရေးခံယူချက် များကို ပြတ်သားစွာပြသနိုင်ကြရန်၊ နွေဦးတော်လှန် ရေးသမိုင်းအား အတူတကွ ရေးထိုးနိုင်ကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ် လပ်ရေးအဖွဲ့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကချင်လူငယ်များကို တော်လှန်ရေးမှာအတူ ပါဝင်ကြရန် ဖိတ်ခေါ်သည့်စာကို နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှာ နိုင်ငံအနှံရှိ ပြည်နယ်နှင့် တိုင်းအများစုတွင် တိုင်းရင်းသားအင်အားစုများနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကို နေရာအနှံရင်ဆိုင်နေရသည်။
#အဆုံးသတ် #တိုက်ပွဲ #ပြည်သူလူထု #ပါ၀င်ကြရန် #KIO #KNDF #တိုက်တွန်း #Ayeyarwaddy_Times