ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေ တစ်လက်မမျှ အဆုံးရှုံးမခံလို့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေကို တန်ပြန်ဖို့ကြိုးပမ်းနေတဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာပြုလုပ်တဲ့ ဖိုရမ်တစ်ခုမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မား ကို့စ်ဂျူနီယာက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ဖာဒီနန်မားကို့စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆန်ဖရန်စစ္စကိုမြို့တော်မှာ ပြု လုပ်တဲ့ အာရှ-ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံကာ နှစ်နိုင်ငံကြား ပင်လယ်ရေကြောင်း ပိုင်နက်နယ်မြေ အ ငြင်းပွားမှုတွေကို ဆွေးနွေးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း အခြေအနေက ယခင်ကထက် ဆိုးရွားလာခဲ့ပြီး ဖိလစ်ပိုင်ကမ်းရိုးတန်းနဲ့ နီးကပ်စွာရှိနေတဲ့ သန္တာကျောက်တန်းတွေပေါ် စစ်ဘက်စခန်းတွေ တည်ဆောက်ဖို့ တရုတ်စစ်တပ်က စိတ်ဝင်စား မှုရှိခဲ့တယ်လို့ သူက သတိပေးလိုက်ပါတယ်။

“ကျွန်တော် အရင်က ပြောခဲ့သလိုပဲ အခုလည်း ထပ်ပြောပါမယ်။ ဖိလစ်ပိုင်နိုင်ငံက ဘယ်ပြည်ပ အင်အား ကြီးတိုင်းပြည်ထံ ပိုင်နက်နယ်မြေ တစ်လက်မမျှ အပါခံမှာမဟုတ်ဖူး” သူက ဆိုပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့တည်တံ့မှု ထိန်းသိမ်းမှာဖြစ်သလို နိုင်ငံတကာမိတ် ဖက်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဖိလစ်ပိုင်နဲ့တရုတ် စစ်သင်္ဘောတွေပါဝင်တဲ့ ဖြစ်စဉ်များစွာ ဖြစ်ပွားပြီးနောက် မကြာသေးမီ သီတင်းပတ် တွေအတွင်း တောင်တရုတ်ပင်လယ်၊ အငြင်းပွားရေပိုင်နက်အတွင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါ တယ်။

တရုတ်နိုင်ငံက အသွားအလာများတဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေလမ်းကြောင်းကို ကင်းလှည့်ဖို့ စစ်သင်္ဘောတွေ စေလွှတ်သလို အပြည်ပြည်ဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်က ဉပဒေပိုင်းအရ မခိုင်လုံဟုဆိုကာ လျစ် လျူရှုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုတွေက နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေသင့်ဘူးလို့ ပြီးခဲ့ တဲ့အပတ် တွေ့ဆုံမှုအတွင်း မားကို့စ်နဲ့ ရှီကျင့်ဖျင်က သဘောတူခဲ့ပါတယ်။

ကိုးကား – AFP
Ref; Philippines Vows Not To Surrender ‘Square Inch’ Of Territory

#Ayeyarwaddy_Times