
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲ ထားသည့် နေရာလေးခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရ သည်။
ယနေ့ နို၀င်ဘာ ၂၂ ရက် နံနက် ၁၂ နာရီခွဲအချိန်မှစပြီး တန့်ဆည်မြို့နယ်ရှိ စစ်တပ်အထိုင်ချရာ စခန်းလေးခုကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း တပ်ဖွဲ့၀င်များထံက သိရသည်။
စစ်ကောင်စီက တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ၀န်ထမ်းအိမ်ရာ၀င်းနှင့် အထက (၁) တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၀င် ရောက်တိုင်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိကာ အချို့မှာ စခန်းကိုစွန့်ခွာပြီး ရဲစခန်းအတွင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။
“သိမ်းတဲ့ပွဲမဟုတ်ပါဘူး။ အဲဒါကြောင့် ရဲစခန်းထိလိုက်မတိုက်ခဲ့တာပါ။ သူတို့က ရဲစခန်းထဲကိုထွက် ပြေးသွားပြီး အင်အားသွားပေါင်းတာ”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ထိုသို့ တိုက်ပွဲမဖြစ်ပွားခင် ယမန်နေ့ နို၀င်ဘာ ၂၁ ရက်နေ့က မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး တန့်ဆည်မြို့မှ စစ်ဘေးရှောင် ၂၀ ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေ ဘိုခရိုင် တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၈၊ တပ်ရင်း ၉၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၆၊ တပ်ရင်း ၂၅၊ တန့်ဆည်မြို့နယ် ပကဖနှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီတပ်စခန်းလေးခု #PDFတိုက်ခိုက် #Ayeyarwaddy_Times