
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၂ ရက်
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းသုံးခုအပါအ၀င် ရဲစခန်းရှိ စစ်ကောင်စီတပ် ဖွဲ့၀င်များ စခန်းစွန့်ခွာပြီး မြစ်ကြီးနားဘက်သို့ သွားရောက် ပူးပေါင်းကြောင်း သတင်းရရှိသည်။
နို၀င်ဘာ ၂၁ ရက်နေ့တွင် အင်ဂျန်းယန်ရှိ စစ်ကောင်စီ ၏ ခလရ ၄၀ တပ်စခန်း၊ ၁၆ မိုင်ရှိ တပ်စခန်း၊ မလိခ မြစ်ကမ်းအနီးရှိ ဂွေထောင်တပ်စခန်းနှင့် ရဲစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င်များ စခန်းကိုစွန့်ခွာ ထွက်သွားကြသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင် အင်ဂျန်းယန်ဒေသရှိ အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး၀န်ထမ်းများလည်း ဌာနကိုစွန့်ခွာပြီး မြို့နယ်အတွင်းမှ ထွက်သွားသည်ဟုလည်း ဆိုသည်။
အဆိုပါ အင်ဂျန်းယန်ရှိ တပ်စခန်းများသည် ယခင်က KIA မှ သွားရောက်တိုက်ခိုက်သော်လည်း စခန်းသိမ်း ပိုက်နိုင်ခြင်းမရှိသည့် တပ်စခန်းများပါ၀င်ကြောင်း သိရသည်။
#ကချင်ပြည်နယ် #အင်ဂျန်းယန် #စစ်ကောင်စီတပ်စခန်း #ခလရ၄၀ #၁၆မိုင်တပ်စခန်း #Ayeyarwaddy_Times