ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

ပင်လယ်နီအတွင်း သူ့ရဲ့တိုက်ခိုက်ရေးသမားတွေက ကုန်တင်သင်္ဘောတစ်စင်းအား ပြန်ပေးဆွဲနေတဲ့ ရုပ် သံဗွီဒီယိုတစ်ခုကို ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ NYK Line လို့ လူသိများတဲ့ Nippon Yusen က လုပ်ကိုင်တဲ့ ဗြိတိန်နိုင်ငံပိုင် Galaxy Leader ကုန်တင်သင်္ဘောဟာ တနင်္ဂနွေနေ့က ယီမင်နိုင်ငံအနီး မောင်းနှင်နေစဉ် ပြန်ပေးဆွဲခံခဲ့ရတာပါ။

ကုန်တင်သင်္ဘောပေါ်ပါ အမှုထမ်း ၂၅ ဉီးရဲ့ အခြေအနေကို မသိရသေးပါဘူး။ ကုန်တင်သင်္ဘောနောက်မှ ရဟတ်ယာဉ်တစ်စင်း ချည်းကပ်လာပြီး သင်္ဘောပေါ်မှာ လက်နက်ကိုင်တိုက်ခိုက်ရေးသမား ၁၀ ဉီးခန့်ကို မြင်တွေ့ နိုင်တဲ့ ရုပ်သံဗွီဒီယိုကို ဟူသီအဖွဲ့ဟာ နိုဝင်ဘာလ ၂၀ ရက်က လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

သေနတ်သမားတွေက သင်္ဘောအမှုထမ်းတွေကို သေနတ်နဲ့ချိန်ကာ “သေစမ်း အစ္စရေး၊ သေစမ်း အမေရိ က” လို့ အော်ဟစ်နေပြီး ကုန်တင်သင်္ဘောအနီး စက်လှေငယ်အများအပြားကို ရုပ်သံဗွီဒီယိုမှာ မြင်တွေ့ရပါတယ်။

ကုန်တင်သင်္ဘောကို အစ္စရေးနိုင်ငံက ပိုင်ဆိုင်တယ်လို့ ဟူသီအဖွဲ့က ပြောပေမယ့် အစ္စရေးစစ်တပ်က ငြင်း ဆန်ထားပါတယ်။ ဒါပေမယ့် အဆိုပါကုန်တင်သင်္ဘောကို အစ္စရေးနိုင်ငံရှိ ချမ်းသာသောလူပုဂ္ဂုလ်တစ်ဉီးနဲ့ ပတ် သက်မှုရှိတဲ့ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာလို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Galaxy Leader ကုန်တင်သင်္ဘောကို ဖမ်းဆီးတာဟာ အပြည်ပြည်ဆိုင်ရာဉပဒေကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကုန်တင်သင်္ဘောနဲ့ အမှုထမ်းတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုတယ်လို့ သူက ဆိုပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့ဟာ ဟားမာစ်အဖွဲ့ကို ထောက်ခံကြောင်း ကြေညာခဲ့ပြီး ပဋိပက္ခစတင်ကတည်းက အစ္စရေးနိုင်ငံကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်ခဲ့ပါ တယ်။

အစ္စရေးနိုင်ငံနဲ့ပတ်သက်တဲ့ သင်္ဘောတွေကို ဆက်လက်ပြီး ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဟူသီအဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Houthi rebels post video of cargo ship hijacking in the Red Sea

#Ayeyarwaddy_Times