
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ စစ်ရေးအကူအညီ ထပ်ပေးဖို့ အမေရိကန်အစိုးရ က ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
အရှေ့ဉရောပတိုင်းပြည်တစ်ခုဖြစ်တဲ့ ယူကရိန်းနိုင်ငံအတွက် ဘက်စုံငွေကြေးထောက်ပံ့ဖို့ ကွန်ဂရက်မှာ သောင်မတင်ရေမကျဖြစ်နေစဉ် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ရဲ့ ကိယက်ဗ်ခရီးစဉ်အတွင်း စစ်ရေးအကူ အညီပေးဖို့ အမေရိကန်နိုင်ငံက အခုလို ဆုံးဖြတ်တာပါ။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ လက်နက်ကြီးကျည်တွေ၊ လေ ကြောင်းရန်ကာကွယ်ရေးကိရိယာတွေ၊ တင့်ဖျက်လက်နက်တွေနဲ့ လက်နက်ငယ်ကျည်ဆံ ၃ သန်းအပြင် HIMARS ဒုံးပစ်စနစ်တစ်ခုလည်း ပါဝင်ပါတယ်။
ရုရှား ကျူးကျော်မှုကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်နိုင်ငံက မဆုတ်မနစ် ပံ့ပိုးကူညီမယ် လို့ လွိုက်အော်စတင်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
လွိုက်အော်စတင်က ယူကရိန်းသမ္မတ ဇီလန်စကီး၊ ကာကွယ်ရေးဝန်ကြီး ရုစတမ်အူမာရော့ဗ်တို့နဲ့လည်း တွေ့ဆုံကာ ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ လုံခြုံရေးအကူအညီသစ် ပေးအပ်မယ့်အစီအစဉ်ကို ကြေညာခဲ့ပါ တယ်။
အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီကြောင့် ယူကရိန်းနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်၊ လက်နက်ကြီးနဲ့ တင့်ဖျက်စနစ်တွေ အဆင့်မြှင့်တင်ကာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ တိုက်ခိုက်မှုမှကနေ ပိုင် နက်နယ်မြေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူက ရိန်းသို့ လုံခြုံရေးအကူအညီအဖြစ် ဒေါ်လာ ၄၀ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းကို ဆက်လက်ပြီး ထောက်ပံ့မယ်လို့ ရုတ်တရက်သွားရောက်တဲ့ ကိ ယက်ဗ်ခရီးစဉ်အတွင်း လွိုက်အော်စတင်က အခိုင်အမာပြောကြားခဲ့ပါတယ်။
ကိုးကား – BNN
Ref; US Approves Additional $100M Military Aid for Ukraine Amid Congressional Deadlock