ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
အဖွဲ့အစည်းအချို့က အကူအညီတောင်းခံတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေစဉ် မြန်မာနိုင်ငံမြောက်ပိုင်း မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို တရုတ်နိုင်ငံမှတစ်ဆင့် နေရပ်ပြန်နိုင်အောင် လမ်းဖွင့်ပေးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ထပ်မံပြီး ဘာတွေလုပ်မယ်ဆိုတာကို သက်ဆိုင်ရာတိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပိတ်မိနေ တဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကို တရုတ်နိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်လျက်ရှိတယ်လို့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ အာဏာပိုင်တွေရဲ့အကူအညီနဲ့ ထိုင်းနိုင်ငံသား ၂၆၀ ဝန်းကျင်၊ အရေအတွက်မဖော်ပြထားတဲ့ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံသားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ တရုတ်-မြန်မာနယ်စပ်သို့ ပို့ ဆောင်လိုက်ပြီလို့ သိရပါတယ်။
ထိုင်း၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံသားတွေပါဝင်တဲ့ အဆိုပါအဖွဲ့ဟာ တရုတ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် နဲ့ နယ်စပ်ကိုဖြတ်ကျော်ကာ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့သို့ သွားရောက်ကာ မနေ့ညက စင်းလုံးငှားလေ ယာဉ် ၂ စင်းနဲ့ ဗန်ကောက်မြို့တော်ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ် ဆင်ရေးကြောင့် လောက်ကိုင်မြို့မှာ ထောင်ချီတဲ့ နိုင်ငံခြားသားတွေ ပိတ်မိနေတာပါ။
ထိုင်းနိုင်ငံသားတွေဟာ စစ်ကောင်စီအာဏာပိုင်တွေရဲ့ အကာအကွယ်ပေးမှုနဲ့ လောက်ကိုင်မြို့မှာ အခြေ စိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ လူမှောင်ခိုကူးခံရသူတွေဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ထိုင်းနိုင်ငံသား ၂၇၃ ဦးကို မိသားစုဝင်တွေဆီ ပြန်လည်မအပ်နှံခင် လိုအပ်သမျှ စစ်ဆေးမှာဖြစ်ပြီး အမှန် တကယ် လူကုန်ကူးခံရသူနဲ့ မှုခင်းတွေ ကျူးလွန်ထားသူတွေကို ခွဲခြားပြီး စစ်ဆေးမယ်လို့ ထိုင်းအစိုးရက ပြောပါ တယ်။
ကိုးကား – Reuters
Ref; China says facilitated transit through country from northern Myanmar