ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၉ ရက်

ရှမ်းပြည်‌နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ ပန်ဆိုင်း မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်တွင် ကိုးကန့်တပ်မတော် MNDAA၏ အလံကို လွှင့်ထူလိုက်ကြောင်း သိရသည်။

ပန်ဆိုင်းမြို့ကို ညီနောင်မဟာမိတ်အဖွဲ့ဖြစ်တို့က ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အစောပိုင်းကတည်း က ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးဖြစ်သော်လည်း မဟာမိတ်တပ်များ ထွက်ခွာသွားစဉ် စစ်ကောင်စီတပ် က ပြန်လည် ၀င်ရောက်တပ်စွဲသည့်အတွက် ထပ်မံတိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် MNDAA တပ်သည် မုံးကိုးခရိုင် ပန်ဆိုင်းနယ်စပ်ဂိတ်ကိုပြန် လည်သိမ်းပိုက်ခဲ့ပြီး ကိုးကန့်ခရိုင် တာရွှေထန်အုပ်စု၊ ရွှင်မာလင်နေရာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

ယင်းပန်းဆိုင်နယ်စပ်ဂိတ်တွင် MNDAA ကတပ်ဖွဲ့အလံကိုစိုက်ထားပြီး နို၀င်ဘာ ၇ ရက်နေ့ကလည်း မုံးကိုးနယ်စပ်ဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့တပ်ဖွဲ့အလံကို စိုက်ထူထားသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၅၀ မိနစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ မိနစ် ၂၀ မျှသာတိုက်ယူ ခဲ့ရကြောင်း ယနေ့တွင် MNDAA ကထုတ်ပြန်ထား သည်။

ထို့အပြင် MNDAA တပ်သည် လေကြောင်းပစ်ကူမှုဖြင့် မုံးကိုးခရိုင်၊ ပန်ဆိုင်းနယ်စပ်ဂိတ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ကာ နံနက် ၁၁ နာရီ ၄၆ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟု ဆိုထားသည်။

သိမ်းပိုက်ရရှိခဲ့သည့် ယင်းနယ်စပ်ဂိတ်သည် တရုတ်ပြည် ၀မ်တင်ဂိတ် ပေါက်နှင့် ဆက်သွယ်ထားခြင်းဖြစ် ကြောင်း သိရပြီး လက်ရှိတွင် ချင်းရွှေဟော်၊ မုံးကိုးအပါအ၀င် နယ်စပ်ဂိတ်ပေါက်သုံးခုနှင့် နယ်စပ်လမ်း ကြောင်းများကို ပြန်လည်သိမ်းပိုက်ထူထောင်နိုင်ထားပြီဟု MNDAA တပ်က ဆိုသည်။

ကိုးကန့်တပ်မတော်(MNDAA) တအာင်းတပ်မတော်(TNLA) ရက္ခိုင်တပ်တော် (AA) ညီနောင်မဟာမိတ်သုံဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ၂၄ ရက်တာကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း အကြီး၊ အသေးစုစုပေါင်း ၁၅၄ ခုကို အောင်မြင်စွာသိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-The Kokang

#ရှမ်းမြောက် #ပန်ဆိုင်း #ကိုးကန့် #နယ်စပ်ဂိတ် #MNDAAအလံလွှင့်ထူ #Ayeyarwaddy_Times