ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၁၉ ရက်
ကိုးကန့်တပ်မတော် MNDAA က ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ပန်ဆိုင်း မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦး တရုတ်ပြည် ဘက်သို့ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဖမ်းဆီးရမိကြောင်း သိရသည်။
ကိုးကန့်တပ်မတော် MNDAA သည် ယနေ့ နံနက်ပိုင်းက ကိုးကန့်ဒေသ ပန် ဆိုင်းမြို့ နယ်စပ်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးသည် တရုတ်ပြည် ၀မ်တိန်ဘက်ကမ်းသို့ ထွက်ပြေးစဉ် MNDAA တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
ဖမ်းဆီးရမိသူသည် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအဆင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဖြစ်ပြီး မည်သည့်တပ်ရင်းမှဖြစ်သည်ဆိုသည်နှင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
အဆိုပါ ပန်ဆိုင်းမြို့သည် စစ်ဆင်ရေးစတင်ပြီးမကြာမီအချိန်က သိမ်းပိုက်ရရှိထားသည့်မြို့ဖြစ်သော် လည်း မဟာမိတ်တပ်များ ပြန်လည်ထွက်ခွာပြီးနောက် စစ်ကောင်စီတပ်ဘက်က နယ်စပ်ဂိတ်များတွင် လာ ရောက်တပ်စွဲသဖြင့် ပြန်လည်တိုက်ခိုက်မှုများပြုလုပ် နေရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မြို့အတွင်း၌ မရှိတော့ကြောင်းနှင့် ယင်းပန်ဆိုင်းနယ်စပ်ဂိတ်သည် တရုတ်ပြည် ၀မ်တိန်ဘက်ကို ကူးစက်၍ရသည့်ည့်နေရာ ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့၀င်များသည် MNDAA တပ် ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်စဉ် မြို့နေပြည်သူများ၏နေ အိမ်အတွင်း ၀င်ရောက်ပုန်းအောင်းနေသဖြင့် မဟာ မိတ်အဖွဲ့မှ ၀င်ရောက်ရှင်းလင်းခဲ့ရသည်ည်ဟု ဒေသခံ များထံမှ သိရသည်။
“နေ့လယ် ၁၂ နာရီ ကနေ စပြီး ပန်ဆိုင်း မြို့ ပြည်သူတွေရဲ့ အိမ်တွေ ကို ဝင်ရောက် မွှေနှောက်ပြီး ပုန်းအောင်း နေကြတာ။ ဖောင်းဆိုင်း ၊ မုံးကိုး၊ ဘန်လွမ်း၊ လွယ်ဂျုံ့ ဗျူဟာ ကနေ ခွေးပြေးဝက်ပြေး ပြေးခဲ့ ကြတဲ့ စစ်တပ်ကကောင်တွေက ပန်ဆိုင်းမြို့မှာ လာ စုပုံနေကြတာ”ဟု ပန်ဆိုင်း ဒေသခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
အလားတူ ယနေ့ နို၀င်ဘာ ၁၉ ရက်နေ့တွင် ပန်ဆိုင်း မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်တွင် ကိုးကန့်တပ်မ တော် MNDAA အလံကို လွှင့်ထူထားပြီး နယ်စပ်ဂိတ် နေရာ ၂ ခုတွင် MNDAA အလံကိုစိုက်ထူထားပြီးဖြစ် ကြောင်း သိရသည်။
#ပန်ဆိုင်းမြို့ #ပုန်းအောင်း #ဒုတိယဗိုလ်မှူးကြီး #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #MNDAAလိုက်လံဖမ်းဆီး #Ayeyarwaddy_Times