ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ရောင်းချမယ့်အစီအစဉ် ကို အတည်ပြုခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို ကွန်ကရက်သို့ အကြောင်းကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံသို့ တိုမာဟော့ခ်ဒုံးကျည် အစင်း ၄၀၀ ရောင်းချဖို့ နို ဝင်ဘာလ ၁၇ ရက်က ခွင့်ပြုလိုက်ပါတယ်။

တိုမာဟော့ခ်ဒုံးကျည်စနစ်နဲ့ ဆက်စပ်ကိရိယာတွေရဲ့ ခန့်မှန်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂ ဒသ မ ၃၅ ဘီလီယံရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ကီဟာရာမီနိုရူနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့ကြား သဘောတူညီချက်တစ်ရပ် ရရှိပြီးနောက် တိုမာဟော့ခ်ဒုံးကျည်တွေ ရောင်းချဖို့ အတည်ပြုခဲ့ တာပါ။

လက်ရှိမှာ အမေရိကန်တပ်ဖွဲ့တွေ အဓိက တပ်ဖြန့်ထားတဲ့ တိုမာဟော့ခ်ဒုံးကျည်တွေကို ၂၀၂၅ ခုနှစ်၊ ဧပြီ လမှာ စတင်မယ့် ဘဏ္ဍာရေးနှစ်မှစပြီး ဂျပန်နိုင်ငံက ဝယ်ယူဖို့ ၂ ဉီးစလုံးက သဘောတူခဲ့ပါတယ်။

တိုမာဟော့ခ်ဆိုတာ ပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အမေရိကန်နိုင်ငံထုတ် ပဲ့ထိန်း ခရုဇ်ဒုံးကျည်တစ်မျိုး ဖြစ်ပါတယ်။

ရန်သူရဲ့ ဒုံးကျည်ပစ်လွှတ်တဲ့နယ်မြေတွေကို တိုက်ခိုက်တာမျိုးလို တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ရာမှာ တို မာဟော့ခ်ဒုံးကျည်ကို အသုံးပြုဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။

ကိုးကား – NHK
Ref; US approves sale of Tomahawk cruise missiles to Japan

#Ayeyarwaddy_Times