
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်နှင့် ကွင်းကောက်မြို့တို့ရှိ စစ်ကောင်စီတပ်ရင်းများ၌ ခံစစ်ပုံစံပြင်ဆင်၍ မိသားစုဝင်များကို နီးစပ်ရာဆွေမျိုးများထံ တိမ်းရှောင်ခိုင်းနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဟင်္သာတမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၈အတွင်း ခံစစ်ပုံစံဖြင့် ကာကျင်းများပြုလုပ်ကာ တပ်တွင်းမိသားစုဝင်များထဲမှ လူငယ်အမျိုးသားများကို ညပိုင်းကင်းစောင့်ခိုင်းနေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“တပ်အဝင်ဝမှာ ကာကျင်းတွေဝပ်ကျင်းတွေ လုပ်ခိုင်းထားတယ်။ လူငယ်လေးတွေကို ညပိုင်းလက်နက်မပါဘဲနဲ့ ကင်းစောင့်ခိုင်းနေတာရှိနေတယ်။ မိသားစု အချို့ကတော့မနေရဲတော့ ရွာတွေဘက်ဆင်းပြီးရှောင်နေကြတယ်” ဟု ခလရ-၁၈တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းကိုပြောသည်။
ထို့အပြင်ကွင်းကောက်မြို့ရှိ ရေပူစမ်းတပ်တွင်လည်း ခံစစ်ပုံစံပြုလုပ်၍ ကာကျင်းဝပ်ကျင်းများပြုလုပ်ထားပြီး တပ်တွင်းမိသားစုများမှာ နီးစပ်ရာဆွေမျိုးများထံ တိမ်းရှောင်နေရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ရေပူစမ်းမှာ ကတုတ်ကျင်းတွေတူးနေပြီ။ဝပ်ကျင်းတွေပါအသင့်ပြင်ထားတယ်။ မိသားစုတွေလည်း မနေရဲတော့ဆွေမျိုးတွေဆီ အကုန်ခိုးရှောင်နေရပြီ”ဟု ရေပူစမ်းတပ်တွင်းသတင်းအရင်းအမြစ်ကဆိုသည်။
ထို့အပြင်နိုဝင်ဘာလ၁၈ရက်နေ့ကစ၍ ဟင်္သာတမြို့တွင်း၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ကင်းလှည့်နေကာ ငါးမျက်နှာဘုရားဝန်း၊ ဟသ်ာတတက္ကသိုလ် နှင့် မြို့တော်ခန်းမတို့တွင် တပ်စွဲထားကြောင်း မြို့ခံများထံကသိရသည်။
#ဟင်္သာတ #ကွင်းကောက် #စစ်ကောင်စီတပ်ရင်း #ခံစစ်ပြင်ကာ #မိသားစုဝင် #နီးစပ်ရာဆွေမျိုးများထံပို့ #Ayeyarwaddy_Times