ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာတွင်တပ် စွဲထားသော စစ်ကောင်စီစခန်းတစ်ခုကို ဒေသကာ ကွယ်ရေးအဖွဲ့များက ၀င်ရောက်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ကိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၃၀ ခန့်ရှိစခန်းကို မြင်းခြံအမှတ် ၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုသကြားဦးဆောင်ပြီး ပုဂံ ပြည်ဘီလူးတပ် မဟာမိတ်တပ်ရင်း တပ်ဖွဲ့များက ပြီး ခဲ့သည့် နို၀င်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုသည် မန္တလေးတိုင်းအတွင်း ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲလည်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ် နာရီ၀က်အတွင်း စခန်းတွင်တပ်စွဲ ထားသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ ၀င်များအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စခန်းကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းကိုသိမ်းဆည်းပြီးနောက် ဘန်ကာနှင့်အဆောက် အဦးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိထားသည့် အရာရှိဇနီးအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထားရှိကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကူလာနိုင်မည့် လမ်းကြောင်းများတွင် မိုင်းများထောင်ထားခဲ့သည့် အတွက် စစ်ကောင်စီတပ်က စစ်ကူခေါ်သော်လည်း ရောက်မလာဘဲ ထိခိုက်ဒဏ်ရာအများအပြားရရှိပြီး စခန်းစွန့်ထွက်ပြေးသွားကြကြောင်း ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲအပြီးတွင် ယင်းစခန်းမှ MA1 တစ်လက်၊ ကျည်ဘောက်သုံးခု၊ ၅.၅၆ ကျည် ၇၀၄ တောင့်နှင့် စစ် ဖက်ဆိုင်ရာ စာရွက်စာတမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို မြင်းခြံခရိုင်း အမှတ် ၁၊ ၂၊ ၃ တပ်ခွဲ ၁၊၃၊၄၊ တပ်ရင်း ၈ ညောင်ဦးခရိုင် ပကဖ၊ မြင်းခြံခရိုင် ပကဖ၊ Burmese Guerrilla Force(BGF)၊ MGM 35၊ LACR မြင်းခြံ၊ 8 Stars LPDF မြင်းခြံ၊ Anyar Federal Task Force၊ ကျေးရွာတပ်ပေါင်းစု(မြောင်)၊ MP 9 Brothers LPDF၊ Freedom Fighter Guerrilla Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်း တပ်ဖွဲ့၊ CDSOM 001 ဒရုန်းတပ်ဖွဲ့၊ မြောင်မြို့မယ် ပလဖ၊ ၀ရဇိန်လက်နက်ထုတ်လုပ်ရေးနှင့် တိုက်ခိုက် ရေးအဖွဲ့မြောင်တို့မှ စစ်ဆင်ရေးအတွက်လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြကြောင်း သိရသည်။

#မန္တလေး #မြင်းခြံ #ကိုင်းရွာ #စစ်ကောင်စီ #တပ်စခန်း #ပုဂံပြည်ဘီလူးတပ် #သိမ်းပိုက်
#Ayeyarwaddy_Times