ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

မကွေးတိုင်းအခြေစိုက် အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း -၇၀၃ မှ သေနတ်ဝယ်ရန် လိုအပ်နေတဲ့ ကွန်မန်ဒိုကြက်ကလေးအတွက် ချစ်သူကောင်မလေး က သေနတ်ဝယ်ရန် နားကပ်ချွတ်ပေး လိုက်တယ်လို့ တပ်မဟာ ၇ တပ်ရင်း -၇၀၃ တပ်ဖွဲ့ဝင်များထံကသိရပါတယ်။

“တိုက်ပွဲဝင်နေပေမယ့် ကိုယ်ပိုင်သေနတ်မရှိတော့ မစ်ရှင်တစ်ခုထွက်တိုင်း သေနတ်ငှားရတာကို သိသွားလို့ သူ့ချစ်သူက သေနတ်ဝယ်ဖို့ နားကပ်ချွတ်ပေးလိုက်တာပါ။ တစ်ခြား ကျွန်တော်တို့ ရဲဘော်တွေလဲ mission ကြီးသွားတဲ့ပွဲမျိုးဆိုရင်တော့ CNA ကနေ ငှားပြီးတိုက်နေရတာမျိုးတွေ ရှိတယ်” လို့တပ်မဟာ ၇ တပ်ရင်း -၇၀၃ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း -၇၀၃ မှ ကွန်မန်ဒိုကြက်ကလေး စစ်တပ်က အာဏာသိမ်းပြီးနောက် MOGE ဌာနက CDM ပြုလုပ်လာသူဝန်ထမ်းတဦးလဲ ဖြစ်သည်ဟု ၎င်း တပ်ဖွဲ့မှရဲဘော်များကပြောသည်။

ထို့ပြင် စားနပ်ရိက္ခာကိုများက်ို NUG အစိုးရကနေ လစဉ်ချပေးပေးတာမျိုးတွေရှိနေပေမယ့် လက်နက်နှင့် ဆေးဝါးအတွက်တော့ လိုအပ်မှုတွေရှိနေပါသေးတယ် လို့ အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း -၇၀၃ မှ ရဲဘော်များကပြောသည်။