ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်မှာ ပြီးခဲ့တဲ့ ၂ လပိုင်းတုန်းက ရွာသား ၄ ယောက် ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များပြန်လာယူရန် ရွာထဲပြန်ရောက်ချိန် စစ်ကောင်စီတပ်နဲ့ တွေ့လို့ ဖမ်းဆီးနှိမ့်စက်သက်ဖြတ်ကာ ၂ ယောက်ကို အိမ်သာကျင်းထဲ ပစ်ချပြီး ကျန် ၂ ယောက်ကို ပေ ၄၀ အနက်ရှိတဲ့ရေတွင်းထဲ ပစ်ချထားခဲ့ကြောင်း Free Burma Ranger က သတင်းထုတ်ပြန်ထားသည်။
ရေတွင်းထဲပစ်ချတဲ့ ၂ ယောက်က ညီအစ်ကိုတွေဖြစ်ကြပြီး ကျန်မိသားစုနဲ့ ရွာသူရွာသားတွေ ပျောက်လို့ အဲ့ဒေသမှာရှိနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ ပြန်လိုက်ရှာရာ ၃ ပတ်အကြာမှ ပြန်တွေ့လို့ ကြိုးစားပြန်ဆယ်ယူပေမဲ့ အဝတ်အစားနဲ့ အရိုးအချို့သာဆယ်ယူရရှိပြီး ကောင်းမွန်စွာမြေမြှုပ်သဂြိုလ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
၅ လအကြာမှ ဖမ်းဆီးခံရပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ ညီအစ်ကို ၂ ယောက်ရဲ့မိသားစုနဲ့ပြန်တွေ့တော့ ရေတွင်းထဲကျန်ရှိနေသေးတဲ့ အရိုးတွေကိုပြန်ဆယ်ယူဖို့ အကူအညီတောင်းလာလို့ ဒေသခံကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ရဲ့အကူအညီနဲ့ ရေစုပ်ထုတ်ပြီး ကျန်အရိုးစုဖြစ်တဲ့ ခေါင်းခွံ ၂ လုံးကို ဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
” ရေတွင်းကအနက်ကြီး၊ အပေါက်ကျဥ်းကျဥ်းလေး၊ အပုတ်နံ့တွေနဲ့ ဒါကို Free Burma Ranger တည်ထောင်သူ ဒါရိုက်တာဆရာကြီး Dave Eubank က ကျနော်ကိုယ်တိုင်ဆင်းမယ်ဆိုပြီး လိုအပ်တာတွေပြင်ဆင် ဆုတောင်း ဆင်းဆယ်ယူပြီး ကျေးဇူးတော်ချီးမွမ်း ပြီးမှမိသားစုထံပြန်အပ်တယ်” လို့ Free Burma Ranger က ရေးသားဖော်ပြထားပါတယ်။