
ကိုကိုလေး/ဧရာဝတီတိုင်းမ်
(မကွေး)၊ ဇူလိုင်လ ၂၄ ရက်
စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းက PDF အဖွဲ့ ၄၀ ကျော်က မဟာမိတ်တပ်ဖွဲ့ဝင်များအဖြစ် ယမန်နေ့ ဇူလိုင်လ ၂၃ ရက်က ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောဆိုလိုက်သည်။
အဆိုပါ မဟာမိတ်တပ်ပေါင်းစုများ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ အောင်နိုင်ရေးကို စည်းလုံးညီညွတ်စွာ အမြဲမပြတ် အာရုံစိုက်ရန်၊ အချိတ်အဆက်ကောင်းကောင်းဖြင့် တက်ကြွအားကောင်းပြီး လှုပ်ရှားမှု ထိရောက်အောင်မြင်စေရန်၊တော်လှန်ရေး မိတ်ဖက်များ ပြည်သူတို့အကြား ယုံကြည်အားထားမှုဆက်ဆံရေးကောင်းကို ခိုင်မြဲရှည်ကြာစေရန်၊ မဟာမိတ် အချင်းချင်း အပြန်အလှန် ယုံကြည်မှု၊လေးစားမှုအပြည့်ဖြင့် ဖေးမကူညီ ထိန်းကြောင်း သွားကြစေရန် ဟူ၍ အချက် ၄ ချက်တို့ဖြစ်တယ်လို့ မဟာမိတ်တပ်ဖွဲ့ဝင်များက ပြောသည်။
“ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းလိုက်တဲ့အကြောင်းအရင်းက စစ်အာဏာရှင်းစနစ်ကို အပြီးတိုင်ချုပ်ငြိမ်းသည်အထိ အဖြစ်ပြတ်တိုက်ခိုက်ချေမှုန်းမှာဖြစ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညီညီညွတ်ညွတ် လက်တွဲပြီး တော်လှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားဝင်ဖွဲ့စည်းလိုက်တာ” လို့ ကျားသစ်နက်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
မေလ နှင့် ဇွန်လမှာ ယင်းမာပင်မြို့နယ်၊ ပုလဲဆားလင်းကြီးမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်စသည့် မြို့နယ်အသီးသီးက တပ်ရင်းတပ်ဖွဲ့ ၃၅ ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါသေးတယ် လို့ မဟာမိတ်တပ်ဖွဲ့ဝင်များကပြောသည်။
ထို့ပြင် ကျန်ရှိနေသည့် မြို့နယ် ၊ခရိုင် ပေါင်းစုံ တပ်ပေါင်းစုများမှ မဟာမိတ် အဖွဲ့ကြီးတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လိုလျှင် ကြိုဆိုဖိတ်ခေါ်ထားကြောင်းကိုလည်း မဟာမိတ်တပ်ပေါင်းစုများက ပြောဆိုထားပါသည်။