
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
ရုရှားနဲ့မြန်မာရဲ့ လူသတ်မိုင်းတွေ အသုံးပြုမှုကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းနဲ့မြန်မာမှာ အရပ်သား တွေ ထိခိုက်သေဆုံးမှုအရေအတွက် မြင့်တက်လာခဲ့တယ်လို့ မြေမြှပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာသစ် တစ်ခုအရ သိရပါတယ်။
မိုင်းအသုံးပြုမှု ပိတ်ပင်ရေးစာချုပ် (Mine Ban Treaty) လက်မှတ်မထိုးထားတဲ့ ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံမှာ လူသတ်မိုင်းတွေကို အလွန်အကြွံ အသုံး ပြုခဲ့တယ်လို့ International Campaign to Ban Landmines က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
မိုင်းအသုံးပြုမှု ပိတ်ပင်ရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့ ယူကရိန်းနိုင်ငံက ကာကတ်ဗ်ဒေသ ရုရှား ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း Izium မြို့တော်ဝန်းကျင်မှာ လူသတ်မိုင်းတွေ အသုံးပြုခဲ့ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၁ ခုနှစ်က လူသတ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၅၅၄၄ ဉီးရှိခဲ့ရာ ၂၀၂၂ ခုနှစ်မှာ ၄၇၁၀ ဉီးအထိ လျှော့နည်းခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဉီးဆောင်တဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း တွေနဲ့ ဖွဲ့စည်းထားတဲ့ International Campaign to Ban Landmines က မှတ်တမ်းတင်ခဲ့ပါတယ်။
မြန်မာနိုင်ငံကလည်း ၁၉၉၉ ခုနှစ်နောက်ပိုင်း လူသတ်မိုင်းတွေ အသုံးပြုနေပေမယ့် အသုံးပြုမှုပုံစံ ကွာ ခြားသွားပြီလို့ သိရပါတယ်။
မြေမြှုပ်မိုင်းတွေကို ကိုလံဘီယာ၊ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနဲ့ တူနီးရှားနိုင်ငံရှိ အစိုးရမဟုတ်သော လက် နက်ကိုင်အဖွဲ့တွေအပြင် ဆာဟဲဒေသရှိ International Campaign to Ban Landmines စာချုပ်ဝင် ၈ နိုင်ငံက လည်း အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
လူသတ်မိုင်းတွေ အသုံးပြုတာ၊ စုဆောင်းတာ၊ ထုတ်လုပ်တာနဲ့ ရွှေ့ပြောင်းတာကို ပိတ်ပင်ထားတဲ့ Mine Ban Treat ကို လက်ရှိမှာ ကမ္ဘာ့နိုင်ငံ ၁၆၄ နိုင်ငံက လက်မှတ်ရေးထိုးထားပါတယ်။
ကိုးကား – VOA
Ref; Increase in Use of Land Mines Triggers Rise in Civilian Casualties in Ukraine, Myanmar