ဧရာဝတီတိုင်းမ်
(ရိခေါဒါရ်)၊ နိုဝင်ဘာလ ၁၆ ရက်

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ငါးဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA)တပ်ဖွဲ့ဝင် တစ်ဦးတို့ကျဆုံးခဲ့ပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၀ ဦးနှင့်အထက် သေဆုံးနိုင်ကာ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး ၄၀ ကျော်မှာ အိန္ဒိယနိုင်ငံသို ထွက်ပြေးသွားကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

ထိုပြင် CAN နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းမျိုးစုံအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရိခေါခါရ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချင်းအမျိုးသား တပ်မတော်/ချင်းအမျိုးသားတပ်ဦး(CNA/CNF)ဦးဆောင်၍ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ-ကျဆုံးခဲ့သော CNAတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
#ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲ #ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် #၆ဦးကျဆုံး #လက်နက်ခဲယမ်းများအပြားသိမ်းဆည်းရမိ #Ayeyarwaddy_Times