
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားကာ စစ်ရေးစွမ်းပကားတွေ တိုးချဲ့နိုင်အောင် တရုတ်နဲ့ရုရှားက ကူညီနေတဲ့အပေါ် ကိုရီးယားစစ်ပွဲ ယာယီစစ်ပြေငြိမ်းဖို့ လုပ်ဆောင်ခဲ့တဲ့ ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စိုးရိမ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြား လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ တောင်ကိုရီးယားအပေါ် ဘယ်လို ကျူးကျော်တိုက်ခိုက်မှုမျိုးကိုမဆို စည်းလုံးစွာ လက်တုံ့ပြန်မယ်ဖို့ ကုသသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တောင်ကိုရီးယားက သံန္နိဌာန်ချထားတယ်လို့ ဆိုးလ်မြို့တော် မှာကျင်းပတဲ့ ၁၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂကွပ်ကဲမှု (UNC) အစည်းအဝေးမှာ အော်စတင်က ပြောပါ တယ်။
“မြောက်ကိုရီးယားက ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး စစ်ရေးစွမ်းပကားတွေ တိုး ချဲ့နိုင်အောင် တရုတ်နဲ့ရုရှားက ကူညီနေတာကို ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်ပါတယ်” လို့ သူက ဆိုပါတယ်။
“မကြာသေးမီက ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ အော်စတင်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ခဲ့ပြီး ရုရှားက မြောက်ကိုရီးယားသို့ နည်းပညာအကူအညီ ပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။
စက်တင်ဘာလအတွင်း ရုရှားအရှေ့ဖျားဒေသမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့ပြီး နီးကပ်သော စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ဖို့ ကတိပြုခဲ့ ပေမယ့် မြောက်ကိုရီးယားနဲ့ရုရှားက မည်သည့် စစ်လက်နက် သဘောတူညီချက်မှ မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
“အခုလိုမျိုး ထုတ်ပြန်ချက်တွေဟာ အခြေအမြစ်မရှိပါဘူး” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထ ရီပက်ရှ်ကော့ဗ်က အော်စတင်ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်သွားပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အပြည်ပြည်ဆိုင်ရာ တာ ဝန်ဝတ္တရားတွေကို လိုက်နာစောင့်ထိန်းတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လို ကျူးကျော်တိုက်ခိုက်တဲ့ အပြုအမူမျိုးမှ မလုပ်ဆောင်ဖို့ မြောက်ကိုရီးယားနိုင်ငံကို သတိပေးထား တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။
ကိုးကား – Reuters
Ref; UN members concerned China, Russia helping North Korea: US defence chief