ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးမှူးကို ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပယ်လိုက်ပြီး ၎င်းနေရာကို စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်တစ်ဦးနှင့် အစားထိုးခန့်အပ်လိုက် ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ယခင်ခန့်အပ်ထားသည့် ကိုးကန့်အုပ်ချုပ်ရေးဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေကို ရာထူးမှထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း စစ် ကောင်စီက နို၀င်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

ကိုးကန့်ဒေသသည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့များထဲတွင် အပါ အ၀င်ဖြစ်ပြီး စစ်ရေးပြင်းထန်နေသည့်ဒေသလည်းဖြစ်သည်။ ယင်းအပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ကလည်း လောက်ကိုင်ကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်မည့်နေ့ ကိုရောက်ရှိလာတော့မည်ဟု ထုတ်ပြန်ထားသည်။

MNDAA က ထိုကဲ့သို့ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက စစ်ဗိုလ်မှူးချုပ်တစ်ဦးကို ယခုကဲ့သို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် အစားထိုးခန့် အပ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းမြောက် စစ်ဆင်ရေးများ ပြင်းထန်နေချိန်တွင် စစ်ကောင်စီသည် ရှမ်းမြောက်ရှိ မြို့နယ် ရှစ် ခုဖြစ်သည့် ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်းတို့ကို နို၀င်ဘာ ၁၂ ရက်နေ့က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ကြောင်း ကြေညာထားသည်။

ပုံစာ- အနားပေးခံရသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ

#ရှမ်းမြောက် #ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ #အုပ်ချုပ်ရေးဥက္ကဋ္ဌဦးမြင့်ဆွေ #ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် #အစားထိုးခန့်အပ် #Ayryarwaddy_Times