
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ပန်းတနော်မြို့နယ်တွင် စက်သုံးဆီပြတ်လတ်နေပြီး ကျေးရွာများရှိ ဆိုင်များတွင်ပါ အကန့်သတ်ဖြင့် ရောင်းချနေရကြောင်း ပန်းတနော်မြို့ခံများထံမှသိရသည်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် နိုဝင်ဘာ ၁၃ရက်နေ့မှစကာ ဆိုင်ကြီးများတွင်အကန့်သတ်ဖြင့်ရောင်းချနေခဲ့ရပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြို့ထဲရှိဆီဆိုင်များတွင် ရောင်းချရန် ဓာတ်ဆီမရှိတော့ကြောင်း မြို့ခံများထံမှသိရသည်။
“အရင်ရက်တွေထဲက ဆိုင်ကြီးတွေမှာ ဓာတ်ဆီကိုအကန့်သတ်နဲ့ရောင်းတယ် ။ ပုံးနဲ့လာဝယ်ရင်မရောင်းတော့ဘူး ။ ဒီမနက်ကျတော့ ဆီသွားထည့်တာ မရှိတော့ဘူး ။ ဒီညနေနဲ့မနက်ဖြန်လောက်မှပြန်ရမယ်လို့ပြောတယ် “ဟု ပန်းတနော်မြို့မှ မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပန်းတနော်မြို့ပေါ်ရှိ ဆီဆိုင်ကြီးများ တွင် ဆီပြတ်လပ်မှုကြောင့် ကျေးရွာများရှိ ဆိုင်ခွဲများတွင်ပါ ရောင်းချရန် ဆီမရှိတော့ပဲ အချို့ကျေးရွာများတွင် ခွဲတမ်းဖြင့်ဝယ်ယူနေရကြောင်းဒေသခံများထံမှသိရသည်။
“ဒီမနက်လယ်ထဲဆင်းဖို့ ဆီသွားဝယ်တာ ရွာကဆိုင်က ဓာတ်ဆီမရတော့ဘူး ။ ဟိုကလာပို့မှရမယ် သူတို့တောင်သုံးဖို့ နည်းနည်းပဲ ချန်ထားရတယ် လို့ပြောတယ် ။ အခြား ရွာမှာသွားဝယ်တော့ ၂၀၀၀ ဖိုးတော့ရတယ် ဆိီ၂၀၀၀ဖိုးနဲ့ကျတော့ သွားလို့အဆင်မပြေဘူးလေ ။ ရွာမှာ ဓာတ်ဆီပြတ်တာ ဒါပထမဆုံးပဲ သွားလာရတာအခက်ခဲရှ်ိလာတာပေါ့ “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပန်းတနော်မြို့နယ်တွင်စက်သုံးဆီပြတ်လပ်မှုမှာ ရှေ့လများတွင်ပြတ်လပ်မှုရှိခဲ့သော်လည်း ကျေးရွာများရှိ ဆိုင်များတွင်ရောင်းစရာမရှိသောအခြေအနေမှာ ပထမဆုံဖြစ်ကြောင်းဒေသခံများထံမှသိရသည်။
#ပန်းတနော် #စက်သုံးဆီပြတ်လပ် #ကျေးရွာများ ဆိုင်များတွင်ပါ #အကန့်သတ်ဖြင့်ရောင်းချနေ
#Ayeyarwaddy_Times