ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ဧရာ၀တီတိုင်းပုသိမ်မြို့ ကန်သုံးဆင့်ကွင်းတွင် နို၀င်ဘာလ ၁၅ရက်နေ့မနက်ပိုင်းက လူ၅၀ခန့်ကစစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“လာတဲ့သူတွေက မြို့မိမြို့ဖနဲ့ လူသိများတဲ့လူတစ်ယောက်မှမပါဘူး။ တစ်ချို့သန့်ရှင်းရေး၀န်ထမ်းနဲ့ ပလုံကောက် ပျံကျတွေလုပ်ကျတာ။ လုပ်သာလုပ်ရတယ်ကြောက်သေးတယ်တချို့ကအိမ်နေရင်းအ၀တ်အစားနဲ့လာကြတာ ကွင်းထဲရောက်မှ လူကြီးတွေကတိုက်ပုံတွေဘာတွေ၀တ်နေတာတွေ့တယ်။ မြို့ပေါ်ကဘယ်သူ့မှလဲစိတ်မ၀င်စားကြပါဘူး” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
လာရောက်သူအများစု မှာ ပုသိမ်မြို့ ရထားလမ်းတစ်လျှောက်ကျူးကျော်တဲများတွင် ပျံကျနေထိုင်သူများနှင့်နေ့စားအမိူက်သိမ်းစည်ပင်၀န်ထမ်းအများစု ပါ၀င်ပြီးရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ နေ့စားခပေးကာစေခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထောက်ခံပွဲကို ပုသိမ်မြို့ပေါ်ကကြံခိုင်ရေးပါတီ၀င်အချို့တက်ရောက်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့၀င်အချို့ပါ၀င်ကြောင်းမျက်မြင်တွေ့ရှိသူဒေသခံများကပြောသည်။
စစ်ကောင်စီထောက်ခံပွဲပြုလုပ်နေစဉ်တွင်ပုသိမ်မြို့တွင်းစစ်ကောင်စီတပ်များနှင့်ရဲတွေကလုံခြုံရေးတင်းကြပ်ထားကာ စစ်ဆေးမှုများပြုလုပ်နေကြပြီး ထောက်ခံပွဲပြုလုပ်သည့် ကွင်းတွင် အရပ်၀တ်များနှင့်လုံခြုံရေးယူပေးထားကြောင်းသိရှိရသည်။
#ပုသိမ်မြို့ #ပျံကျနေထိုင်သူ #နေ့စားသန့်ရှင်းရေးသမားများကို #နေ့စားခပေး၍ #စစ်ကောင်စီထောက်ခံပွဲပြုလုပ် #Ayeyarwaddy_Times