
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။
ပါလက်စတိုင်း ထောက်ခံပွဲတွေဟာ အမုန်းစကားချီတက်ပွဲတွေလို့ မှတ်ချက်ပြုခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဆူလာဘရာဗာမန်းကြောင့် ရီရှီဆူနတ်ခ်ဟာ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။
ရီရှီဆူနတ်ခ်က ဘရာဗာမန်းရဲ့နေရာကို နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာလေနဲ့ အစားထိုးခဲ့ပြီး ဒေးဗစ် ကင်မရွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒေးဗစ်ကင်မရွန်းဟာ ၂၀၁၀ ပြည့်နှစ်မှစတင်ကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေး ဗစ်ကင်မရွန်းဟာ ၂၀၁၆ ခုနှစ်မှာ ဗြိတိန်ရဲ့ ဉရောပသမဂ္ဂ အခန်းကဏ္ဍနဲ့ပတ်သက်လို့ လူထုဆန္ဒခံယူပွဲတစ်ခု ပြု လုပ်ကာ ဗြိတိန်က အီးယူမှာဆက်နေဖို့ မဲဆွယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မဲဆန္ဒရှင်အများစုက ဗြိတိန်ဟာ အီးယူမှ ထွက်ခွာသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒေးဗစ်ကင်မရွန်းက ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။
ရာထူးသစ်ကို လက်ခံရတာ စိတ်ကျေနပ်တယ်လို့ ဒေးဗစ်ကင်မရွန်းက ပြောပြီး ဗြိတိန်ဟာ ယူကရိန်းစစ် ပွဲနဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်းအပါအဝင် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
“မဟာမိတ်တွေနဲ့ အတူရပ်တည်ရတာ၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရတာနဲ့ အသံကြားအောင် ပြုလုပ်ရ တာ ဗြိတိန်နိုင်ငံအတွက် အရေးကြီးတယ်” လို့ သူက ယခင် တွစ်တာလို့ လူသိများတဲ့ X မှာ ရေးသားခဲ့ပါတယ်။
ဒေးဗစ်ကင်မရွန်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း သမ္မတ ရှီကျင့်ဖျင်လက်ထက် ဗြိ တိန်နိုင်ငံရဲ့ တရုတ်နဲ့ ဆက်ဆံရေးဟာ “ရွှေခေတ်” လို့ ချီးကျူးခေါ်ဆိုခဲ့ပါတယ်။
ဒေးဗစ်ကင်မရွန်းနဲ့ ရှီကျင့်ဖျင်တို့ဟာ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ဘီလီယံချီတန်ကြေးရှိတဲ့ စီးပွားရေးဆိုင်ရာ စာချုပ်တွေကို သဘောတူခဲ့ပါတယ်။
ဒေးဗစ်ကင်မရွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဟာ ဗြိတိန်အစိုးရရဲ့ တရုတ်နိုင်ငံနဲ့ပတ်သက် တဲ့ ချည်းကပ်မှုကို ပြောင်းလဲစေမှာမဟုတ်ဖူးလို့ ရီရှီဆူနတ်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကိုးကား – NHK
Ref; Cameron returns to British politics as foreign secretary