ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ကာတာနိုင်ငံက ကြားဝင်ဖျန်ဖြေတဲ့ စေ့စပ်ညှိနှိုင်းမှုကာလအတွင်း ဓားစာခံအချို့ကို လွှတ်ပေးရာမှာ အ လဲအလှယ်အနေနဲ့ ၅ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်ရဲ့ လက်နက်ကိုင်အ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဟားမာစ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အယ်လ်ကာဆမ်တပ်မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးဟာ မနေ့က လူမှုကွန်ရက်မှာ အခုလို ရေးသားခဲ့တာဖြစ်ပါတယ်။

၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးပြုလုပ်ဖို့ အလဲအလှယ်အနေနဲ့ အမျိုးသမီးနဲ့ ကလေးငယ် ဓားစားခံ ၇၀ ဉီးကို လွှတ်ပေးဖို့ အသင့်ရှိတယ်လို့ အယ်လ်ကာဆမ်တပ်မဟာက ကာတာ စေ့စပ်ညှိနှိုင်းသူတွေကို ပြောခဲ့တယ် လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ် ၁၀၀ ကို လွှတ်ပေးဖို့ အစ္စရေးနိုင်ငံဘက်က တောင်းဆိုခဲ့တယ်လို့ အဆိုပါ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ ဂါဇာဒေသအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကို အဟန့် အတားပြုလုပ်နေတယ်လို့ သူက စွပ်စွဲခဲ့ပြီး ဓားစာခံတွေ အန္တရာယ်ကျရောက်အောင် အစ္စရေးက ပြုလုပ်နေတယ် လို့ ဆိုပါတယ်။

အယ်လ်ကာဆမ်တပ်မဟာက လူမှုကွန်ရက်မှာ ရုပ်သံဖိုင်တစ်ခု တင်ခဲ့ပြီး ကြာသပတေးနေ့က အစ္စရေး နိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ဓားစာခံတစ်ဉီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဓားစားခံတွေရဲ့ ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေတင်တဲ့ ဟားမာစ်အဖွဲ့ကို အစ္စရေးစစ်တပ်က ဝေဖန်ခဲ့ပြီး ဟား မာစ်အဖွဲ့ဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးပြုပြီး လူသားမဆန်စွာ ပြုမူနေတယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Hamas armed wing calls for 5-day truce in exchange for release of 70 hostages

#Ayeyarwaddy_Times