
ဧရာဝတီတိုင်းမ်
(ရိခေါ်ဒါရ်)၊ နိုဝင်ဘာလ ၁၄ ရက်
အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် ချင်းပြည်နယ်၊ နယ်စပ်မြို့၊ ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတာ်(CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (Hualngoram)တို့က ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ရိခေါ်ဒါရ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ နှစ်ဦး လက်နက်ချအညံ့ခံခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုသည် အိန္ဒိယနိုင်ငံဘက်သို့ ကစင့်ကလျား ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် အန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံနှစ်ဦးကျည်ဆံထိမှန်၍ သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် အသက်မပြည့် သေးသည့် ကလေးငယ်အပါအဝင် ဒေသခံတချို့ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်း တပ်တို့က နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးခန့်သေဆုံး၍ အရှင်ဖမ်းဆီး ရမိသူများ လည်းရှိပြီး CNAနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း တပ်ဖွဲ့ဝင်တချို့ထိခိုက် ကျဆုံးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-CNA
ပုံစာ-CNAနှင့် အန္ဒိယဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်
#ရိခေါ်ဒါရ်မြို့ #CNA #ချင်းကာကွယ်ရေးပူးပေါင်းတပ် #သိမ်းပိုက်ရရှိ #ဗိုလ်မှူးအဆင့်ရှိသူ၂ဦးလက်နက်ချအညံ့ခံ #Ayeyarwaddy_Times
Boost this post to reach up to 2496 more people daily if you spend $35.