
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် အမေရိကန်နိုင်ငံဟာ တနင်္ဂနွေနေ့ က ဆီးရီးယားရှိ အီရန်နိုင်ငံနဲ့ပတ်သက်တဲ့ နေရာ ၂ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော် စတင်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ လက်နက် ကိုင်အဖွဲ့အသီးသီးကို ပံ့ပိုးနေတဲ့ အီရန်နိုင်ငံနဲ့ဆက်နွှယ်တဲ့ ဆီးရီးယားရှိ နေရာတွေကို အမေရိကန်က ပစ်မှတ် ထားတိုက်ခိုက်တာ ၃ ပတ် အတွင်း တတိယအကြိမ် ဖြစ်ပါတယ်။
“အီရတ်နဲ့ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့တွေအပေါ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ အီ ရန်နဲ့ပတ်သက်တဲ့အုပ်စုတွေရဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ဆီးရီးယားအရှေ့ပိုင်းက အဲဒီအဖွဲ့တွေ အသုံးပြုနေတဲ့ တည်နေရာတွေကို အမေရိကန်စစ်တပ်က အတိအကျ တိုက်ခိုက်ခဲ့ပါတယ်” လို့ အော်စတင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
Albu Kamal နဲ့ Mayadeen မြို့တော်များအနီးရှိ လေ့ကျင့်ရေးစခန်းတစ်ခုနဲ့ စစ်သွေးကြွတွေခိုလှုံရာ နေ အိမ်တစ်လုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ အောက်တိုဘာလ ၂၆ ရက်ကလည်း အမေရိကန်နိုင်ငံက အီရန်နဲ့ ဆက်စပ်အဖွဲ့အ စည်းတွေ အသုံးပြုနေတဲ့ ဆီးရီးယားနိုင်ငံရှိ လက်နက်သိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။
တိုက်ခိုက်မှုတွေဟာ အမေရိကန်တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရရှိစေခဲ့တဲ့ အီရတ်နဲ့ဆီးရီးယားရှိ အမေရိ ကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တာလို့ အမေရိကန်နိုင်ငံက ပြောပါတယ်။
အိုင်အက်စ်အဖွဲ့ ပြန်လည်ခေါင်းထောင်လာတာကို တားဆီမယ့် ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအ ဖြစ် အီရတ်နိုင်ငံမှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ခန့်နဲ့ ဆီးရီးယားမှာ ၉၀၀ ခန့် တပ်စွဲထား ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတာဟာ အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား စစ်ပွဲနဲ့သက်ဆိုင်ပါတယ်။
ကိုးကား – The Times of Israel
Ref; Pentagon chief says US hit Iran-linked sites in Syria after American troops attacked